ဖြည်းဖြည်းယောက်ဖ – စောဖိုးခွား

Posted: November 14, 2011 in Music, Review
Tags: , , , , ,

မြန်မာပြည်မှာ Raggae ဆိုတာအရင် ချစ်ကောင်းချည်းပဲရှိမယ်ထင်တယ် ။ အခုနောက် သူရဲကောင်းတစ်ယောက်ထပ်ပေါ်လာပြီဗျ ။ ဒီဘဲကြီးရဲ့ ဂီတကို ပြင်သစ်သံရုံးမှာ one love band နဲ့အတူ ဖျော်ဖြေတုန်းကတည်းက ခိုက်နေတာ ။ ဒီအခွေလက်ထဲရောက်မှ စိတ်အဆာပြေတော့တယ် ။

စောက်ရမ်းမိုက်တယ် ၊ Raggae စစ်တယ်လို့ပြောရင် ကျွန်တော်လွန်မလား . . . ။မြန်မာတစ်ယောက်အနေနဲ့ ဒီဂီတကို ဒီလိုဖန်တီးပြထားတာ တော်တော်လန်းတယ်ဗျ ။ အစကနေ အဆုံးထိတစ်ပုဒ်မှကျော်ပြီး နားထောင်စရာမလိုအောင် ကျစ်ကျစ်လစ်လစ်လေး ဖန်တီးထားပါတယ် ။ ၁၉ လမ်းသီချင်းကတော့ ကျွန်တော်တို့အကြိုက်ဆုံးဖြစ်နေပါတယ် . .        နောက်ဆုံးbonustrackအနေနဲ့ထည့်ပေးထားတဲ့ချစ်ကြပါကတော့ဒီအယ်လဘမ်ရဲ့အနှစ်ပဲ . .

Raggae တွေကြိုက်တဲ့ ကရင်ကြီးအတွက်နောက်ထပ် အငွေ့ပျောက် တစ်ရှိက်လောက်ရှိုက်သွင်းရင်း သံစဉ်တွေကြားစီးမျောကြည့်ရအောင်လားဗျာ . . .

၀၁ ရက်ဂေးရူး
၀၂ ၁၉လမ်း
၀၃ အမုန်းမလိုပါ
၀၄ အနွမ်းပန်းလေး
၀၅ ဂီတထဲကငါ့ဘဝ
၀၆ ထားခဲ့ဟေ့ ….
၀၇ သေပြီ
၀၈ တိုင်ပတ်နေပြီ
၀၉ သူ့အိုးနဲ့သူ့ဆန်
၁၀ ဖြည်းဖြည်းယောက်ဖ
၁၁ ချစ်ကြပါ (Bonus Track ..with EULOGIA Group)

Download here :
http://ifile.it/0gqesat

or
http://www.megaupload.com/?d=GC6CY5OK
ဒီ link ကနေလဲတိုက်ရိုက်နားဆင်နိုင်ပါတယ် ။

http://www.myanmaronlinemusic.com/search/label/Saw%20Pho%20Khwar%20-%20Phaye%20Phaye%20Youk%20Pha

Comments
  1. Jitky says:

    ဦးချစ်ကောင်းထက် ဒီကရင်ကြီးရဲ့ရူးသွပ်မှုအစစ်အမှန် ကိုပိုကြိုက်တယ်ဗျ.. ဒီဘဲကြီးရက်ဂေးနိုင်ငံတွေကပြန်လာပြီ မြန်မာပြည်မှာ ရက်ဂေးအစစ်ကိုချပြတာ.. အစသီချင်း ရက်ဂေးရူးမှာတင် ငြိမ့်ငြိမ်ညောင်းညောင်းလေနဲ့ မြောက်နေပြီ ရက်ဂေးမှာသူကပိုစစ်တယ်လို့ထပ်ပြောရင်ဖြစ်မလားမသိဘူး ဦးချစ်ကောင်းထက် သူကပိုမြောက်တယ် ရက်ဂေးနဲ့ပဲနေထိုင်တဲ့ကရင်ကြီးပါဗျာ.. အားပေးလိုက်ကြစို့လား ကျွန်တော်ကတော့ အ၇မ်းကြိုက်လို့ အော်ရီ၈ျင်ပဲဝယ်သိမ်းထားတယ်ဗျ.. အနုပညာသမားစစ်စစ်တွေကို အားပေးလိုက်ကြစို့ဗျာ……..

  2. CG says:

    သူ့ ကို Silver Oat Cafe မှာတွေ့ ဖူးတယ်ထင်တယ်ဗျာ။
    ညဖက် ဒီAlbum ထဲက “တိုင်ပတ်နေပြီ” ကိုဆိုတာမြင်ဖူးတယ်။
    ဒါပေမယ့်သူ့ ကိုယ်တိုင်လားသူ့ သီချင်းယူဆိုတဲ့သူလားတော့မသေချာဘူးဗျာ။
    အဲကတည်းကတော်တော်ကြိုက်တယ်၊နောက်သူက Studio တစ်ခုမှာလည်းအသံဖမ်းအင်ဂျင်နီယာလားဗျ။
    ကျွန်တော်သိတာတွေကတစ်ပိုင်းတစ်စတွေဖြစ်နေတယ်။သိတဲ့သူများအပြည့်ဝသိရအောင်ဝေမျှကြပါဦး။
    လောလောဆယ်တော့ဗျာ…. ရေလယ်လေးစားတယ်။ကြိုက်တယ်။လုံးဝအားပေးတယ်။
    အဝေးရောက်နေလို့ အခွေကိုအားမပေးနိုင်တာတော့စိတ်မကောင်းဘူးဗျာ။အခုလိုတင်ပေးတဲ့အတွက်လည်းကျေးဇူးပါဗျို့။🙂

    • Nya Khinn says:

      အကိုတို့ရေ ကူညီပါဦးဗျာ ကျနော်အဲ့သီချင်းတွေ ရှာနေတာ ၈လလောက်တောင်ရှိတော့မယ်။
      အခုတွေ့ပြန်တော့လဲ ဒေါင်းလို့မရတော့ဘူး။
      တစ်ယောက်ယောက်များ ပြန်တင်ပေးပါလားဗျာ

  3. LiL' Kost says:

    လင့်တွေ သေနေတယ် …အကို …

    • LiL' Kost says:

      ရပီ ..ခင်ဗျ …တော်တော် မျောသွားတယ် …၃ ခေါက်လောက် ပြန်နားထောင်နေရတယ် ..
      ကြိုက်လွန်းလို့ …….ကျေးဇူးပါဗျာ …..🙂

      • obobeatz says:

        ရတယ်ဆို အိုကေဗျာ ။ သူတို့ upload လုပ်ထားတဲ့ Link ကိုပြန်သုံးထားလို့ဗျ ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s