Facebook ရဲ့နေ့တိုင်း Update ထဲမှာ နိုင်ငံရေးအကြောင်းတွေပဲ ပြောနေကြတော့တယ် (ACID ဇေယျာသော်၊ အနဂ္ဂ၊ ရန်ရန်ချန်း )

Posted: December 9, 2011 in Uncategorized
Tags: , , ,

ရန်ရန်ချန်း – ကိုတီးအခုဘာတွေစိတ်ဝင်စားနေလဲ။

အနဂ္ဂ – Current စိတ်ဝင်စားနေတာကတော့ သီချင်းနားထောင်တာ။

ဇေယျာသော် – နားထောင်ဖြစ်တဲ့သီချင်းတွေထဲက အရင်တုန်းက နားထောင်ပြီး သိပ်မကြိုက်ခဲ့ပေမယ့် အခုနားထောင်ပြီး ကြိုက်လာတာက Dead Prez တို့ ImmortalTechniqueတို့၊ နောက် ကိုတီးကျွန်တော့်က ပေးခဲ့တဲ့ Lowkey တို့ကို အဓိက နားထောင်ဖြစ်နေတယ်။

အနဂ္ဂ – Dead Prez ဆိုရင်လည်း နောက်ဆုံးကိုပေးပြီးသွားပြီလား။

ဇေယျာသော် – အဟောင်းတွေပဲနားထောင်ရသေးတယ်။

အနဂ္ဂ – Dead Prez ဆိုတာကတော့ ကျွန်တော်တို့ သီချင်းစဆိုကတည်းက ကဗျာနှလုံးသား MTV ရိုက်တော့ လက္ခဏာဆရာက ပြောတယ်မေရယ် သီချင်းမှာ Dead Prez အင်္ကျီတွေ ၀တ်ထားတယ်။ ပြောချင်တာကတော့ ကျွန်တော်တို့ ဒီလိုစိတ်တွေ မရှိဘူးထင်တဲ့သူတွေကို ပြောချင်တာပါ။ သူတို့ဆိုတဲ့ သီချင်းစာလုံး အဓိပ္ပာယ်တွေကတော့ အရွယ်ငယ်သေးတော့ မမီတာကတစ်ပိုင်း၊ အင်္ဂလိပ်စာ သိပ်မမီတာက တစ်ပိုင်းကြောင့် တချို့ကို နားမလည်ခဲ့ဘူး။ အခုဇေယျာသော် ပြန်ရောက်လာတော့ ပြန်ဆုံပြီး အခွေတွေလည်းပေးတယ်။ နားလည်း ထောင်နေကြတယ်။ ဇေယျာသော် နဲ့လည်း မတွေ့ဖြစ်ကြဘူးနော်။

ဇေယျာသော်- အင်း နှစ်ကိုတော်တော်ကြာနေပြီ။

အနဂ္ဂ – ငါးနှစ်လောက် ရှိပြီ။ မတွေ့ဖြစ်ကြတာ။ ဒါပေမဲ့ သွားတဲ့လမ်းကြောင်းကတော့ ဇေယျာ်သော်က အလင်းရောင်ထဲကို သွားတယ်။ ကျွန်တော်ကတော့ အိမ်ထဲမှာ သီချင်းနားထောင်ပြီးနေတယ်။ ရန်ရန်ချန်းကတော့ စီးပွားရေးသမားအနေနဲ့ ဆက်လျှောက်တယ်။

ဇေယျာသော် – အရင်တုန်းကတော့ Dead Prez တို့ Common တို့ The Roots တို့ရဲ့ သီချင်းတွေက နားထောင်လိုက်တာနဲ့ နားထဲတန်းစွဲလွယ်ဖို့ အခက်အခဲရှိသလို သုံးတဲ့စကားလုံးတွေကအစ ခဲခဲကပ်ကပ်တွေ သုံးတော့ အကြောင်းအရာ ဆိုလိုချင်တာကို တိတိကျကျသိဖို့ ခဲယဉ်းတော့ သိပ်နားမထောင်ဖြစ်တာ။ ဆိုလိုတာကတော့ Politieအကြောင်းပဲဖြစ်ဖြစ် Social အကြောင်းပဲဖြစ်ဖြစ် ထဲထဲဝင်ဝင်သိမှ သူတို့ပြောတာတွေကို နားလည်မယ်ထင်တယ်။ ဥပမာပြောရရင် Lowkey ဆိုရင်လည်း ကျူးဘားအကြောင်းကို သူဆိုတယ်။ ကိုယ်က ကျူးဘားနိုင်ငံအကြောင်း ဘာမှမသိဘဲနဲ့ ဒီသီချင်းကို နား ထောင်မယ်ဆိုရင်တော့ သူ့ရင်ထဲက ခံစားရတဲ့ Pain ကိုမြင်မှာ မဟုတ်ဘူး။အဲဒီလိုမျိုးတော့ ရှိတယ်။ အဲဒီလို ဆိုနေကြတဲ့အတွက်လည်း တကယ်ဝမ်းသာတယ်။ ကိုယ်ကိုယ်တိုင်လည်း ဖန်တီးချင်ပေမယ့် မဖန်တီးဖြစ်သေးပါဘူး။ အခုအချိန်မှာတော့သူတို့ဖန်တီးထားတဲ့ အနုပညာတွေကို တစိုက်မတ်မတ် နားထောင်နေတာပဲရှိတယ်။

အနဂ္ဂ – သီချင်းနားထောင်တော့ ကျွန်တော်ကတော့ Electronic Music ကိုနားထောင်တယ်။ သီချင်းကို တစိုက်မတ်မတ် နားထောင်လာတာ ၁၀ နှစ်လောက်တော့ ရှိပြီ။ သီချင်းတွေအကြောင်း ပြောရရင်တော့ ကမ္ဘာမကြေဘူးပေါ့။ ကျွန်တော့်ရဲ့ Lifestyle တစ်ခုလုံးမှာ ၁၉၈၈ ခုနှစ်က ထွက်ခဲ့တဲ့ ကမ္ဘာမကြေဘူး သီချင်းက ကျွန်တော်တစ်ယောက်တည်းအနေနဲ့ရင်ထဲကို ဘယ်သီချင်းမှ မတိုးဘူး။ Pink Flyod ရဲ့ Another Bricks In the World ဆိုလည်း နားထောင်တာပဲ။ ကျွန်တော်နဲ့ ဇေယျာသော်ဆိုလည်း ပထမ သီချင်းစရေးတော့ ကိုယ့်မှာရှိလား မရှိလားမသိတဲ့ အမှန်တရားကို ရှာချင်ကြတယ်။ ခဏခဏလည်း ပြောဖြစ်ကြတယ်။ ညဘက်သီချင်းတွေထိုင်ရေးရင်လည်း အဲဒီတုန်းကတည်းကလည်း ပြောဖြစ်ကြတယ်။ အမှန်တရားဆိုတာကို သိချင်ကြတယ်။ ဘယ်ဟာက အမှန်လဲ။ အရင်တုန်းကတော့ တစ်ဖက်စောင်းတဲ့ အတွေးတွေနဲ့ တွေးတာကိုပဲ အမှန်တရားလို့ ထင်တယ်။ အခုကျတော့ ဘက်နှစ်ဖက်လုံးမှာရှိတဲ့ အမှန်တွေကို အမှန်တရားလို့ ထင်လာတယ်။ ငယ်ငယ်တုန်းကသီချင်းတွေက စုံအောင်နားထောင်တယ်။ အခု အဲဒီထက်ပိုစုံအောင် နားထောင်တယ်။ သီချင်း နားထောင်တဲ့ပုံစံလည်း အရမ်းပြောင်းလာတယ်။ ဇေယျာသော်ဖတ်တဲ့စာအုပ်တွေကိုလည်း လိုက်လေ့လာနေတယ်။

ဇေယျာသော် – တစ်ယောက်နဲ့တစ်ယောက် Sharing ပြန်လုပ်နေတာပေါ့။

အနဂ္ဂ – နောက် ရန်ရန်ချန်းနဲ့ သွားတူတာကတော့ သူက Danceကို နားထောင်တယ်။ Dance Music ကတော့ ဇေယျာသော် DJ စလုပ်ကတည်းက နားထောင်နေတာပဲ။ နှစ်တွေလည်းကြာပြီ။ ဒါပေမဲ့ နားထောင်တဲ့နှုန်းကတော့ ပြန်မကျသေးပါဘူး။ အပြစ်ပြောချင်တဲ့ လူတွေက သီချင်းနားထောင်တဲ့သူတွေ ပေါ့ပေါ့နေ ပေါ့ပေါ့စားတွေလို့ ပြောကြတယ်။ ကျွန်တော်တို့ကတော့ သွားနေတဲ့ ပုံစံတွေအတိုင်းပဲ ဆက်သွားနေတယ်။ Trand ပေါ်သွားနေတာနဲ့ပျက်စီးတာနဲ့ ခေတ်ကို မကူညီတာနဲ့ ခေတ်ကို ညစ်ပတ်အောင် လုပ်နေတယ်ဆိုတာမျိုး မနေဘူး။ အခု ကျွန်တော်တို့ ပြန်သုံးသပ်လို့ရအောင် ဆယ်နှစ်တာကာလက သွားပြီ။ ဒီကောင်တွေ လူငယ်Music ကို စလုပ်ခဲ့တာပဲဆိုပြီး တခြားနေရာက ကြိုဆိုတယ်။ မကြိုဆိုဘူး ဆိုတာတော့ မသိဘူး။ Acidစစပေါ်ချင်းတုန်းကတော့ဘက်ပေါင်းစုံက နှိမ့်ချပြီး ကြိုဆိုတာကို ခံခဲ့ရတယ်။ အခုကတော့ အဲဒီလိုကြိုဆိုမှုတွေကတော့ လွတ်သွားပြီ။ အောင်မြင်မှုကို ကျော်လာပြီး နောက်ထပ်Step တစ်ခုအနေနဲ့ ဘယ်ကိုဆက်သွားမလဲ။ ဘက်နှစ်ဖက်က အမှန်တရားတွေကို ရှာဖွေရင်းနဲ့ သီချင်းနားထောင်တဲ့အပေါ်မှာရော လုပ်ကိုင်နေတဲ့ အပေါ်တွေမှာပါ ပြောင်းလဲလာတယ်။

ရန်ရန်ချန်း – ခုနက ကိုတီးပြောသလိုပါပဲ။ ကျွန်တော်တို့ ငယ်ငယ်တုန်းကတော့ အခုဒါဆိုရင် အကုန်ဒါပဲ သွားနေကြတယ်။ အခုအသက်ကြီးလာတော့ Trand တွေက မတူတော့ဘူး။အခုဆို အခွေဘက်တောင် သိပ်မလှည့်ဖြစ်ဘူး။ တခြားအလုပ်တွေနဲ့ ရှုပ်နေတယ်။ တွေ့ကို မတွေ့ဖြစ်ကြတော့တာ။

အနဂ္ဂ – အပြောင်းအလဲဆိုတာကို အလုံးစုံ ပြောင်းလဲသွားတယ်လို့လည်း မယူဆဘူး။ ကိုယ်ဆိုလည်း သူငယ်ချင်း အယောက်ပေါင်းများစွာ ပေါင်းခဲ့တယ်။ ရန်ရန်ချန်းတို့နဲ့ဆိုလည်းအဲဒီလိုပဲ။ ၁၉၉၇ ကနေ၂၀၀၂ လောက်အထိ ငါးနှစ်လောက် အကြာကြီးပေါင်းခဲ့တယ်။ ပြီးသွားရင် နောက်ထပ်တစ်အုပ်ဆီ ရောက်သွားတယ်။ တစ်ယောက်နဲ့တစ်ယောက်က Connection ၀ှက်သွားတာမဟုတ်ဘူး။ အသက်တွေ ကြီးတဲ့အချိန်မှာ စကားတွေ ပြန်ပြောကြတော့ စည်းစည်းလုံးလုံး ပြန်ဖြစ်တဲ့အချိန်မှာ အရင်တုန်းက ထားခဲ့တဲ့ လူငယ်အတွေး ကတိသစ္စာ တည်ရမယ်တို့ အဖွဲ့အပေါ် ဂရုစိုက်ရမယ်၊ တစ်ယောက်နဲ့ တစ်ယောက် အဖွဲ့အပေါ် ပြန်ကြည့်ရမယ် ဆိုတာထက်စာရင် ကိုယ့်အတွက်ကိုယ်မလုပ်ဘဲ သူများအတွက်ဆိုတာကို ပိုပြီးတော့ ဦးတည်လာကြတယ်။ ဘာလို့အဲဒါကို ထုတ်ပြောလဲဆိုတော့ ရန်ရန်ချန်းဆိုတာ အဖွဲ့ထဲမှာ နိုင်ငံရေးဆိုတာကို နားလည်းမထောင်သလို ပြောလည်းမပြောဘူး။ သူ့အနေနဲ့ကျတော့လည်း နောက်မှာ သူ့ကိုအားကျတဲ့ လူငယ်တွေကို ပြန်ကြည့်တော့မယ်ဆိုပြီး ထွက်လာတာ ဖြစ်လိမ့်မယ်။ ဇေယျာသော်ကတော့ ပြောစရာတောင် မလိုတော့ဘူးထင်တယ်။ လုပ်တာမလုပ်တာ မှန်တာ မမှန်တာက ကိုယ်လည်း ဆုံးဖြတ်ပိုင်ခွင့်မရှိဘူး။ ACIDသည်သာမန် Acid မဟုတ်တော့ဘူး။ More than Acid ဖြစ်သွားပြီ။ အဲဒီပုံစံကို ဆက်သွားနေကြတယ်။ ကျွန်တော်တို့ကတော့ အခု ရန်ရန်ချန်းနဲ့ သီချင်းနားထောင်တယ်။ ညဘက်လျှောက်သွားမယ်။ ပြီးရင် လူမှုရေးကိစ္စတွေကို ကူညီမယ်။ စည်းကမ်းနဲ့အညီ ကောင်းကောင်းမွန်မွန်နေမယ်။

ဇေယျာသော် – လူတွေကနိုင်ငံရေးလို့ ပြောလိုက်ရင် မသိပါဘူး။ စိတ်မ၀င်စားဘူးလို့လည်း ပြောကြတာများတယ်။

အနဂ္ဂ – အရိုးရှင်းဆုံးပြောရရင် အမြဲတမ်းစဉ်းစားတာ တစ်ခုရှိတယ်။ ကျွန်တော့်ကို အသိတစ်ယောက်က စပိန်ကနေ ပစ္စည်းတစ်ခုဝယ်လာလို့ သုံးပါဆိုရင် သူတို့စာသားကို မဖတ်တတ်တဲ့အတွက် ဖတ်တတ်တဲ့သူဆီကနေ ပြန်သင်ရမယ်။ ဖတ်တတ်တဲ့သူဆီကနေ ပြန်ပြီး နာခံရတော့မယ်။ အဲဒါကို နိုင်ငံရေးနဲ့ အစားထိုးကြည့်မယ်ဆိုရင် နိုင်ငံရေးကိုမသိရင်ဘာဖြစ်မလဲ ဘာမှမဖြစ်ဘူး။ သူများက ကိုယ့်ကိုဗိုလ်ကျသွားမယ်။ ဥပဒေဆိုတာကို မသိထားရင် သူများက ကိုယ့်ကိုပြောသွားမှာပေါ့။ နိုင်ငံရေးလုပ်ဖို့ မဟုတ်ဘူး။ ကိုယ်တွေက သိထားဖို့ပဲ။ ကိုယ်တွေအလုပ်က အနုပညာအလုပ်ပဲ။ ဘာလို့လဲဆိုတော့ အရေးကြောင်းကြုံလာခဲ့ရင် မပြောတတ်မဆိုတတ်ဖြစ်သွားမယ်။ သူများစကား ယူသုံးလိုက်ပါဦးမယ်။ ဒေါက်တာသန်းထွန်း ပြောသလို သမိုင်းသင်တာ မအ အောင်လို့လေ။

ရန်ရန်ချန်း – ကျွန်တော်ကတော့ နိုင်ငံရေးဆိုတာ ဒီနိုင်ငံမှာ ရနေတဲ့ အနေအထားနဲ့လည်း ဆိုင်မယ်ထင်ပါတယ်။ အားလုံးက မသိစရာတွေချည်းပဲလေ။

အနဂ္ဂ – ပျက်စီးချင်ရင်တောင် ကောင်းကောင်း ပျက်စီးလို့မရဘူး။

ရန်ရန်ချန်း – နောက်ပြီး တခြားရွေးချယ်စရာတွေကလည်း ရှိနေတယ်။ ဘယ်သွားမလဲ၊ ဘာလုပ်မလဲ။ လူငယ်ဆိုတာတော့ အရင်ဆုံးထိတွေ့တာက သူတို့ အရွယ်ရောက်တဲ့အချိန်မှာဒါကိုပြောပြရမယ့် လူကြီးတွေကလည်း ရှိဖို့လိုသေးတယ်။ အိမ်မှာအဖေရော အမေရော ဒီအကြောင်းကိုမသိရင် ကျွန်တော်လည်း သိမှာမဟုတ်ဘူး။ ဥပမာအိမ်မှာ ကျွန်တော့်ကို ပြောပြမယ့်လူကလည်း မရှိဘူး။ အဖေနဲ့ အမေကလည်း နိုင်ငံရေးကို စိတ်မ၀င်စားဘူး။ အဲဒါဆို ကျွန်တော်လည်း ဘာမှ သိမှာမဟုတ်ဘူး။ အရွယ်ရောက်လာတော့မှ ကိုယ့်ပတ်ဝန်းကျင်က လူတွေနဲ့ ထိတွေ့ပြီးမှ သိရတယ် ။ တခြားပတ်ဝန်းကျင် တခြားလူတွေနဲ့ တွေ့မှ ဒါကိုသင်ယူရတယ်။ မိသားစု တော်တော်များများကဒီလိုပဲဖြတ်သန်းလာတာ။

ဇေယျာသော် – ကိုယ့်အနေနဲ့ ပြောရရင်တော့ တစ်ခုရှိတာက နိုင်ငံရေးမှာ တက်ကြစွာ ပါဝင်လှုပ်ရှားတယ်ဆိုရင်တောင် ပတ်ဝန်းကျင်မှာရှိတဲ့  လူငယ်တိုင်းကို နိုင်ငံရေးသမား ဖြစ်ဖို့ဆွယ်တရား ဟောတာမဟုတ်ဘူး။ လူငယ်တွေအနေနဲ့ နိုင်ငံရေးအသိ ရှိလာဖို့ကိုပဲ ဦးတည်တာ။ ဆိုလိုတာက နိုင်ငံတစ်နိုင်ငံမှာ နိုင်ငံရေးသမားတွေချည်းပဲ နိုင်ငံတည်ဆောက်လို့ မရဘူး။ ဆိုလိုတာက နိုင်ငံရေးကို တကယ်စိတ်ဝင်စားပြီး ၁၀၀ ရာခိုင်နှုန်း လုပ်တဲ့ နိုင်ငံရေးသမားလည်း ရှိမယ်။ ကိုယ့်ရဲ့ ဘ၀ရပ်တည်မှု ကိုယ့်ဘ၀ တိုးတက်ကြောင်းအတွက်ပဲ ဒီအလုပ်ကို လုပ်ပြီး ရပ်တည်ကြတဲ့ သူတွေလည်းရှိတယ်။ ဥပမာ ပြောရရင်ဆယ်တန်းအောင်လို့ အမှတ်ကောင်းရင် လူတိုင်းက ဆရာဝန်ပဲ ဖြစ်ချင်ကြတယ်။ အင်ဂျင်နီယာ ကျတော့လည်း သိပ်စိတ်မ၀င်စားဘူး။ ဒါပေမဲ့ဆရာဝန်တွေချည်းပဲတစ်နိုင်ငံလုံး ပြည့်နေမယ်ဆိုရင် တံတားရော ဆောက်နိုင်ပါ့မလား။ လမ်းရော ဖောက်နိုင်ပါ့မလား။ တကယ်စစ်ဖြစ်လာရင်ရော ကာကွယ်မယ့်သူတွေရောရှိနေပါဦးမလား။ တစ်ဦးစီတိုင်းမှာတော့ သူ့ရဲ့တန်ဖိုးနဲ့ အရည်အသွေးတွေတော့ ရှိနေတာပဲ။ အားလုံးရဲ့ စိတ်ထဲမှာ ဘယ်အရာက မှန်ပြီး ဘယ်အရာကမှားတယ်ဆိုတာ အသိစိတ်ဓာတ် ရှိဖို့လိုတယ် အဲဒီအတွက် ကြိုးစားကြတယ်။ လူငယ်တွေအနေနဲ့ ဒီဟာအပေါ်မှာ စိတ်မ၀င်စားဘူး ဆိုတာကတော့ မ၀င်စားရဘူးဆိုတဲ့တားဆီးပိတ်ပင်မှုတွေ ရှိနေတယ်။ ကြောက်စိတ်ရှိနေလို့လည်း ဖြစ်ပါလိမ့်မယ်။ ဒါက စိတ်ဝင်စားသင့်တဲ့ အရာမဟုတ်ဘူးလို့လည်း ထင်သွားကြတယ်။ ဘာပဲပြောပြော လူသားတိုင်းက မွေးလာကတည်းက ဒီအရာတွေက ကိုယ်နဲ့ဆိုင်တယ် သိသင့်တယ် ဆိုတာတော့ သိစေချင်တယ်။ အမှန်ကတော့ ဒီနိုင်ငံမှာ ဘယ်အစိုးရပဲ အုပ်ချုပ်ချုပ်ဘယ်ပါတီကပဲအနိုင်ရရ ဒီနိုင်ငံကြီးကို ဘယ်သူကမှ ကိုယ့်ဆီက လုယူသွားလို့ မရဘူးဆိုတာကို တိတိကျကျ နားလည် သဘောပေါက်လာပြီဆိုရင်တော့ နိုင်ငံရေးအပေါ်စိတ်ဝင်စားမှုကပိုမြင့်လာမယ်ထင်တယ်။

အနဂ္ဂ  – အခုဆိုရင် ကိုယ်တွေက ဟိုနားသွားလိုက် ဒီနားသွားလိုက်နဲ့ ဘေးနားကနေ ကူညီနေတာ။ တစ်ခါတလေကျရင်လည်း အနုပညာလုပ်လို့ မရတဲ့ အနှောင့်အယှက်တွေကိုလည်းကြုံတွေ့နေရတယ်။ လူတွေအနေနဲ့ပဲဖြစ်ဖြစ် အချင်းချင်း  အနေနဲ့ပဲဖြစ်ဖြစ် ကိုယ်ဘာလုပ်နေတယ်ဆိုတာ ကိုယ့်ဘာသာသိဖို့ရယ် ကိုယ်သူများအတွက်လုပ်နေတာလား။ ကိုယ့်အတွက်ကို လုပ်နေတာလားဆိုတာလည်း သိဖို့လိုတယ်။ ကိုယ့်အတွက် ကိုယ်လုပ်နေတာဆိုရင် သူများကို မထိခိုက်ဖို့ အရေးကြီးတယ်။သူများအတွက် လုပ်နေတာဆိုရင်တော့ ကိုယ့်အတွက်က အရေးမကြီးတော့ဘူး။ အခုကတော့ ကျွန်တော်တို့သီချင်းတွေ ဆိုကြတယ်။ လူမှုရေးလုပ်ငန်းတွေလည်းလုပ်တယ်။ ဒါပေမဲ့ နိုင်ငံရေး ခ၀ါချတာတော့ မဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာ အင်တာနက်ခေတ်စားတဲ့ ၂၀၀၂-၂၀၀၃ လောက်ကတည်းက Social Site တွေကို စသုံးတယ်။ ၂၀၀၇ လောက်မှာ Facebook ကိုစသုံးတယ် ။ Facebook ထဲမှာ မြန်မာနိုင်ငံက လူတွေတောင် သိပ်မရှိသေးဘူး။ အခုကတော့ Facebook ရဲ့နေ့တိုင်းUpdate ထဲမှာ နိုင်ငံရေး အကြောင်းတွေပဲ ပြောနေကြတော့တယ်။ တိုင်းပြည်ကောင်းဖို့ အတွက်ဆိုရင် တကယ်ဝင်လုပ်မှပဲ အဆင်ပြေမှာ။ အခုကတော့ Facebook ရဲ့Update ကိုကြည့်ရင် ဟိုလူ့အကြောင်း ဒီလူ့အကြောင်း ပြောမယ်။ နိုင်ငံရေးအကြောင်း ပြောမယ်။ အဲဒီလိုပြောပုံနဲ့ ဘာမှ တိုးတက်လာမှာ မဟုတ်ဘူး။ အမှိုက်ဆိုလည်း ကောက်ပြီးမှ ပြောကြတာ ပိုကောင်းတယ်။ ဒါပေမဲ့ အမှိုက်ကို ဆက်ပြီး ပစ်နေရင်တော့ ဘာမှ ခေါင်းထောင်နိုင်ဦးမှာ မဟုတ်ဘူး။ ဒီအတိုင်းပဲ ဆက်နေသွားမှာပဲ။ ကျားက ဖမ်းစားတဲ့ သမင်ပဲ ဖြစ်နေမှာ။ ဘယ်တော့မှ ကျား ဖြစ်မှာ မဟုတ်ဘူး။

ဇေယျာသော် – ကိုတွီ ဆိုလိုချင်တာက Online ပေါ်ကနေ Ground  ပေါ်ဆွဲချတာပေါ့။

အနဂ္ဂ- Ground ပေါ်ဆွဲချတာ မဟုတ်ပါဘူး။ အခု လောလောလတ်လတ်မှာ ကိုယ့်ဘာသာ Popular Icon ဖြစ်ဖို့ နိုင်ငံရေးအကြောင်း အများဆုံးပြောကြတယ်။ ကိုယ်ဆိုလည်း အခုဆို နိုင်ငံရေးအကြောင်း သိပ်မပြောတော့ဘူး လျှော့တယ်။ ကိုယ်ကတော့ တတ်နိုင်တဲ့နေရာကနေ ထောက်ပံ့ပေးရမယ်ဆိုတဲ့ အသိလေး ထည့်ထားတယ်။ ကိုယ့်ဘာသာ Tissueလမ်းမမှာ မပစ်တော့ဘူး။ ကွမ်းတံတွေး လမ်းမမှာ မထွေးတော့ဘူး။ ပြီးရင် မူးတဲ့အချိန် လမ်းမမှာ သေးမပေါက်ဘူး။ ပြောချင်တိုင်း မပြောဖို့၊ ဆိုချင်တိုင်းမဆိုဖို့။ ကိုယ့်ဘာသာကိုယ့်စည်းကမ်းလေးနဲ့ ကိုယ်နေမယ်။ ကိုယ်ကနေစပြီး ကိုယ့်စည်းကမ်းလေးနဲ့ ကိုယ်ထိန်းသိမ်းမယ်။ အဲဒါကို အရင်ဆုံးလုပ်မယ်။ နောက်ပြီး နိုင်ငံရေးကို အခြေတည်ပြီးတော့ Online ပေါ်မှာ အငြင်းအခုန်တွေ ဖြစ်နေကြတယ်။ လောလောလတ်လတ်ဆိုရင် ပါတီကြီးတစ်ခုက ရွေးကောက်ပွဲဝင်တာကို ထောက်ခံတဲ့လူနဲ့ မထောက်ခံဘူးဆိုတဲ့ လူတွေဖြစ်နေတယ်။ အဲဒါနဲ့ပတ်သက်ပြီး ပြောနေကြတယ်။ ဒါနဲ့လည်း အဖြေထွက် မလာဘူး။ တကယ်ကျွန်တော်တို့ လုပ်ရမှာက သူတို့လိုအပ်တဲ့ အရာကို ကူညီပေးရမှာက ကိုယ်တွေရဲ့တာဝန်။ ပညာတတ်တဲ့သူက ပညာနဲ့ ဆက်သွားလိမ့်မယ်။ လုပ်အားနဲ့ ပံ့ပိုးပေးနိုင်တဲ့သူကလည်း လုပ်အားနဲ့ ကူညီလိမ့်မယ်။ ကိုယ့်နေရာ ကိုယ်နေတာပဲ ကောင်းတယ်။ နောက်ပြီး ကိုယ်ဘာလဲဆိုတာကို စဉ်းစားရတော့မယ်။ အခုအချိန်မှာ အကုန်လုံးက ရထားဦးခေါင်းနောက်ကို စွတ်လိုက်နေလို့မဖြစ်ဘူး။ ဇေယျာသော်ပြောသလို ဆရာဝန်တွေချည်းပဲ ထွက်လာရင် လမ်းတံတားတွေ မရှိသလိုဖြစ်မှာဆိုးတဲ့အတွက် ကိုယ့်ဘာလုပ်ပေးနိုင်မလဲဆိုတာကို စဉ်းစားရမယ်။ ကျွန်တော်ကတော့ Micro Politic  ကိုအရမ်း သဘောကျတယ်။ ကျွန်တော်ကတော့ သေးသေးလေးလောက်ကိုပဲ နားလည်တယ်။ ကိုယ့်ဘေးနားမှာရှိတဲ့သူ၊ ကိုယ့်ပတ်ဝန်းကျင်က လူတွေကိုလည်း အဲဒီလိုလေးတွေ ဖြစ်စေချင်တယ်။ အမြင့်မှာရှိတဲ့ သူတွေကိုတော့ လေနဲ့ပဲမှုတ်မှုတ်၊ လေနဲ့ပဲတိုက်တိုက် အဲဒါမျိုးတော့ မလုပ်ချင်ဘူး။ သွားတဲ့သူတွေ မှန်တာမှားတာ ကိုယ်က ဆုံးဖြတ်ပိုင်ခွင့်မရှိဘူး။ ဘယ်တော့မှလည်း ဆုံးဖြတ်ပေးမှာ မဟုတ်ဘူး။ သမိုင်းကပဲ အဆုံးအဖြတ်ပေးမှာပါ။ ဒီနေ့ မနက်ဖြန်လောက်နဲ့တော့ ဆုံးဖြတ်လို့မရဘူး။ သူ့ဘာသူ အခြေအနေအချိန်အခါအရ ဖြစ်သွားလိမ့်မယ်။ ကိုယ့်ကိုယ်ကိုယ် ကိုယ်ကျင့်တရားရယ်၊ စည်းကမ်းရယ် ကောင်းအောင်လုပ်မှပဲရမယ်။ ဒီဘက်ခေတ်မှာကျွန်တော်ပဲဖြစ်ဖြစ်၊ ဇေယျာသော်ပဲဖြစ်ဖြစ်ပေါ့။ တစ်နေ့ကို ကိုယ်က အမှိုက်ဘယ်နှခေါက်လောက် ပစ်လဲ။ ကားရှိရင်လည်း ကားမောင်းရင်း မီးပွိုင့်ကို မီးနီဘယ်နှခေါက်လောက် ကျော်ဖူးလဲ။ တန်းစီရင်လည်း သူများကိုကျော်ပြီး ဘယ်နှခေါက်လောက် တန်းစီလဲ။ ပြီးရင် အိမ်ကကိုယ့်သားသမီးကို အနိုင်ကျင့်ပြီး တစ်နေ့ဘယ်နှခေါက်လောက် ဟောက်လဲ။ ရုံးမှာ အလုပ်လုပ်ရင်လည်း ကိုယ့်လက်အောက်က လူတွေကို တစ်နေ့ဘယ်နှခေါက်များ အနိုင်ကျင့်ခဲ့ဖူးလဲ။ ကိုယ်က ဆရာမဖြစ်ရင်လည်းတပည့်သားသမီးတွေကို ဘယ်နှခေါက်လောက်များ မဟုတ်ဘဲ ရိုက်ခဲ့ဖူးလဲ။ အဲဒါကတစ်ခုပေါ့။

VIA: Delodelo.com

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s