နိုင်ငံခြားဂီတ ပညာရှင်အချို့၏ မြန်မာ့ရိုးရာဂီတ အပေါ်အမြင်

Posted: December 18, 2011 in News
Tags: , ,

မြန်မာနိုင်ငံကို လာရောက်ကြတဲ့ နိုင်ငံခြားသားတွေထဲမှာ မြန်မာ့ဂီတကို လာရောက် လေ့လာတဲ့သူတွေ၊ ဂီတနဲ့ပတ်သက်တဲ့ ဘွဲ့အတွက်စာတမ်းပြုစုသူတွေရှိပါတယ်။ အဲဒီလိုပဲဖျော်ဖြေရေး အတွက်လည်း နိုင်ငံခြားကဂီတပညာရှင်တွေ လာကြတယ်။ နိုင်ငံတကာကို လှည့်လည်ဖျော်ဖြေနေတဲ့ နိုင်ငံခြားသားဂီတပညာရှင်တွေ အနေနဲ့ မြန်မာနိုင်ငံကို လာရောက်ဖျော်ဖြေစဉ်မှာ မြန်မာ့ဂီတ အကြောင်းလေ့လာမှုတွေလုပ်တာရှိသလို အချို့သောဂီတပညာရှင်တွေကတော့ မြန်မာ့ဂီတနဲ့ တွဲဖက်ဖျော်ဖြေမှုတွေလည်း လုပ်ခဲ့ကြပါတယ်။ မြန်မာ့ရိုးရာ ဂီတတွေကို လေ့လာ နားထောင်ဖူးပြီး မြန်မာ့ဆိုင်းအဖွဲ့နဲ့လည်းတွဲဖက်ဖျော်ဖြေဖူးတဲ့ နိုင်ငံခြားသားတွေထဲကမှပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၉ ရက်နေ့ကနေ ဒီဇင်ဘာလ ၃ ရက်နေ့အထိ ရန်ကုန်မြို့ရဲ့နေရာသုံးနေရာမှာ မြန်မာ့ဆိုင်းအဖွဲ့နဲ့ပူးပေါင်းတီးခတ်မှုပါဝင်တဲ JazzBlizz ဖျော်ဖြေပွဲ၎ပွဲမှာပါဝင်ခဲ့တဲ့ နိုင်ငံခြားဂီတပညာရှင်တချို့ရဲ့ မြန်မာ့ဂီတနဲ့ မြန်မာ့ဆိုင်းအပေါ် သူတို့ရဲ့ခံစားချက်နဲ့ အမြင်တွေ မေးမြန်းတဲ့အခါမှာတော့ . . .

ဂျာမနီနိုင်ငံမှ Trombone& Bass Trumpet ပညာရှင် Achim Fink

မြန်မာနိုင်ငံကျင်းပတဲ့ Jazz Blizz ဖျော်ဖြေပွဲအတွက် တီးလုံးတိုက်ဖို့ ဂီတမိတ် သင်တန်းကျောင်း ကိုဝင်စကတည်းက မြန်မာ့ဂီတသံ ကို စပြီးကြားရတယ်။ အဲဒီလိုစကြားရကတည်းက ဒီဂီတက ကျွန်တော့်အတွက်အံ့သြစရာဖြစ်နေပြီ။ မြန်မာနိုင်ငံကို မလာခင်က မြန်မာ့ဆိုင်းနဲ့တွဲပြီးတီးဖို့အတွက် မြန်မာ့ ဆိုင်းတီးခတ်မှုတချို့ကို အီးမေးလ် ကတစ်ဆင့် နားထောင်ပြီး ကျွန် တော်တို့ Jazzတီးဝိုင်းအတွက် နုတ်ထုတ်ထားတယ်။ ဒါပေမယ့်အပြင်မှာ တကယ်နားထောင်တဲ့အခါ ကွာခြားမှုတွေ ရှိနေတယ်။ တကယ့်လက်တွေ့မှာ အတူတွဲတီးတော့လည်း ကျွန်တော့်အတွက် အရမ်းအသစ် ဖြစ်နေတယ်။တီးခတ်ရင်းမြန်မာ့ဂီတကို နားလည်ဖို့ နီးစပ်လာပြီလို့ ထင်လာတယ်။ ဒါပေမယ့် နားလည်ဖို့ အများကြီးလိုသေးတယ်လို့လည်း သိလာရပြန်တယ်။

ပြင်သစ်နိုင်ငံမှ Anne Paceo (Drum)

မြန်မာနိုင်ငံကို လာဖျော်ဖြေတာ ဒုတိယအကြိမ်ပါ။ နှစ်ကြိမ်လုံးမှာ မြန်မာ့ဆိုင်းနဲ့ တွဲဖက်တီးခတ် ခဲ့ပါတယ်။ ၂၀၁၁ ခုနှစ် ဇူလိုင်လတုန်းက ဂျာမနီနိုင်ငံမှာ ကျင်းပခဲ့တဲ့ RAUMZEIT FESTIVAL ဂီတ ဖျော်ဖြေပွဲမှာလည်း မြန်မာ့ဆိုင်းနဲ့အတူ တီးခတ်ခဲ့တဲ့ Jazz တီးဝိုင်းအဖွဲ့မှာ ပါဝင်ခဲ့တီးခတ်ခဲ့ပါတယ်။ အခုလို ဖျော်ဖြေရတာကို အရမ်းပျော်ပါတယ်။ လှပတဲ့ဂီတတစ်ခုကို ရှာတွေ့တဲ့အတွက် အံ့သြရတယ်။ မြန်မာ့ဆိုင်းနဲ့တွဲဖက် တီးခတ်ခွင့်ရတာ အရမ်းကံကောင်းတယ်လို့ ခံစားရတယ်။ နောက်အခုလို မြန်မာ့ဆိုင်းနဲ့ တွဲဖက်တီးခတ်မှုမျိုး ကို နိုင်ငံတကာမှာ လှည့်ပြီးဖျော်ဖြေချင်တယ်။

အစ္စရေးနိုင်ငံမှ Saxophone & EWI (Electronic Wind Instrument) ပညာရှင် Omri Abramov

မြန်မာ့ဂီတက အနောက်တိုင်း ဂီတတွေလိုမဟုတ်ဘဲ ကွဲပြားတယ်။ အခုလို မြန်မာ့ဆိုင်းနဲ့ တွဲဖက်တီးခတ်ရတာ စိတ်လှုပ်ရှားစရာပါ။ နောက်ပြီး မြန်မာ့ဂီတက အရမ်း Unit ဖြစ် တယ်။ ပြီးတော့ ပျော့ပြောင်းညင်သာတယ်။ဒီလို ဂီတသံမျိုးအရင်က တစ်ခါမှမကြားဖူးဘူး။ မြန်မာ့ဂီတက အမျိုးမျိုးသော ဂီတတွေထဲမှာမှ တစ်ခုတည်းသာ ရှိနိုင်တဲ့ ဂီတမျိုးလို့ ထင်မိပါတယ်။

ဂျာမနီနိုင်ငံမှ Piani & Keyboard ပညာ ရှင် Martin Kubert

မြန်မာ့ဆိုင်းနဲ့ Jazz ဂီတတွဲဖက်တီးခတ်မှုမှာ အားလုံးက တော်ကြပါတယ်။ တစ်ခါပဲ တိုက်ထားပေမယ့် တီးခတ်မှုအားလုံး ကောင်းခဲ့တယ်။ မြန်မာ့ဂီတက ကျွန်တော် သိနေတဲ့ဂီတတွေနဲ့ အရမ်းကို ကွာခြားပြီးထူးဆန်းတယ်။ကျွန်တော့်အတွက်တော့ အသစ်ပါပဲ။ မြန်မာ့ဂီတ ကို လေ့လာခွင့်ရခိုက်မှာ သေချာလေ့လာတယ်။ အခုနိုင်ငံအတော်များ များမှာ Rock ၊ Pop စတဲ့ဂီတတွေ က လွှမ်းမိုးမှုအားကောင်းတော့ရိုးရာဂီတတွေက နောက်ရောက်ရောက်သွားတယ်။ တချို့ဆို ပျောက်ကွယ်လုတောင် ဖြစ်နေပြီ။ အခုကျွန်တော် သိခဲ့တဲ့ မြန်မာ့ရိုးရာ ဂီတတွေကိုတော့ ပျောက်မသွားပါစေနဲ့လို့
ဆုတောင်းပါတယ်။

ပြင်သစ်နိုင်ငံမှ Leonardo Montana (Piano)

အနောက်တိုင်းဂီတနဲ့ အရမ်းကို ခြားနားတဲ့ ဂီတတစ်ခုပါပဲ။ မြန်မာ့ဆိုင်း တီးခတ်မှုကို လူခြောက်ယောက်လောက်က ၀ိုင်းပြီး တီးနေပေမယ့် တစ်ယောက်တည်းကပဲ တီးနေသလိုပါပဲ။ မြန်မာဂီတပညာရှင်တွေက တော်ကြပါတယ်။ အခုလိုမြန်မာ့ဆိုင်းနဲ့ တွဲဖက်ဖျော်ဖြေရတာ အရမ်းစိတ်လှုပ်ရှားလွန်းလို့ ကြက်သီးတွေတောင် ထတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s