အနဂ္ဂ ဘာကို လေ့လာနေလဲ၊ ဘယ်ကို ဦးတည်နေလဲ

Posted: March 19, 2012 in Interview
Tags: , , ,

အခုချိန်မှာတော့ Hip Hop ရဲ့အရှိန်က တော်တော်ကို မြင့်တက်လာပြီ လို့ပဲ ပြောရမှာပါ။ ရန်ကုန်မြို့ဖျော်ဖြေပွဲ တွေကို ကြည့်လိုက်ရင် ဟစ်ဟော့ပ်ရှိုးက အများ ဆုံး ဖြစ်နေတာကို တွေ့ရပါတယ်။ ဒီအချိန်မှာတော့ ဟစ်ဟော့ပ် မြူးဇစ်အပေါ် လူတွေရဲ့ ဝေဖန်မှုတွေ  ကလည်း တဖြည်းဖြည်း လျော့နည်းလာခဲ့ပြီ ဖြစ်ပါတယ်။ အရင် တုန်း Hip Hop သီချင်း တွေကို နားထောင်လို့ မရဘူး။ Hip Hop အဆိုတော်တွေရဲ့ ဝတ်ပုံ၊ စားပုံကိုလည်း ကြည့်လို့ မရဘူးလို့ ဆိုခဲ့ပါတယ်။ အခု ချိန်မှာတော့ Hip Hop ရဲ့အရှိန်နဲ့ အတူ လူတွေရဲ့အမြင်လည်း ပြောင်းလဲခဲ့ပါပြီ။ ဒီအပေါ်ကိုတော့ အနဂ္ဂက..
”ကျွန်တော်တို့ အများကြီး ထပ်ကြိုးစား ရဦးမှာပါ။ ကျွန်တော်တို့ရဲ့ ခြေလှမ်းတွေက နည်းနည်းလေးပဲ ရှိသေးတယ်။ ဒီထက် အများကြီး ဆက်လှမ်းရ ဦးမှာပါ။ အရင်တုန်းက မင်းတို့က မဆိုးပါဘူးကွာ လို့ပြောကြတဲ့ အပေါ်လည်း ကောင်းသလို အရင်တုန်းက မကောင်းဘူး ပြောတဲ့လူက လည်း အခုမှ ကောင်းတယ် ပြောကြတာ လည်း အဆင်ပြေပါတယ်။ ဘယ်သူ့ကိုမှ ကျွန်တော်တို့ အပြစ်မမြင်ပါဘူး။ သူများကို အပြစ်မြင်တဲ့ စိတ်ကို ကျွန်တော်တို့ရဲ့ စိတ်ထဲမှာ မွေးနေမယ်၊ စိတ်ထဲမှာ ကျင့် သုံးနေမယ် ဆိုရင်တော့ ကျွန်တော်တို့ ကမ္ဘာကြီးက ငြိမ်းချမ်းမှု ရမှာ မဟုတ်ပါဘူး” လို့ပြောပါတယ်။  အခုချိန်မှာ အနဂ္ဂ ဘာလုပ်နေလဲ၊ ဘာတွေ  လုပ်ပြနေတယ် ဆို တာတွေ ကို သိချင်တဲ့ ပရိသတ်တွေ အတွက် အဖြေပေးနိုင်မလားလို့ ဆိုတော့…
”အနဂ္ဂ ဘာလုပ်နေတယ် ဆိုတာကို  သိချင်ရင်တော့ ကျွန်တော့်ရဲ့Facebook Page ကို ပုံမှန်ကြည့်နေတဲ့ သူတွေ တွေ့ကြ မှာပါ။ ကျွန်တော့်ရဲ့ Facebook Page မှာ ပုံမှန် တင်ပါတယ်။ အနဂ္ဂဘာကို စဉ်းစားနေလဲ၊ ဘာကို လေ့လာနေလဲ၊ အနဂ္ဂ ဘယ်ခြေလှမ်းကို လှမ်းနေလဲ၊ ဘယ်ကို ဦးတည်နေလဲ ဆိုတာတွေ တွေ့ရမှာပါ” လို့ပြော ပါတယ်။ အဆိုတော် တစ်ယောက် အနေနဲ့ နာမည်တစ်ခု ကို ဘယ်လို ထိန်းသိမ်းသင့်သလဲ ဆိုတဲ့ အမေး ကိုတော့ အနဂ္ဂက…
”ကျွန်တော့် အနေနဲ့ ဆိုသင့်ဆိုထိုက်တဲ့ ပွဲကို အမြဲဆိုပါတယ်။ ဒါပေမဲ့ အများအားဖြင့်တော့ ကိုယ့်နာမည်ကိုကိုယ် ဘယ်နေရာမှာ သုံးမလဲ ဆိုတာတော့ အမြဲ စဉ်းစားပါ တယ်။ ကိုယ့်နာမည်ကို ကိုယ် ဘာအတွက် သုံးမလဲ ဆိုတာလည်း စဉ်းစားပါတယ်။ ပြီးရင် ဘယ်လိုမျိုး ရလဒ်တွေ ရလာမလဲ ဆိုတာကိုလည်း စဉ်းစားပါတယ်။ အဲဒါ ကတော့ ကျွန်တော့်ရဲ့ အခုလက်ရှိ ရှေ့ဆက် ဖြတ်သန်းနေတဲ့ ဘဝ အတွေ့အကြုံပါ” လို့ ပြောပါတယ်။

လင်းအက္ခရာ

VIA:PopularNewsJournal

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s