YAK က သဇင်နဲ့ ပြောဖြစ်သမျှ : by MNL ( My Music Fashion & Art Journal ,Vol.3,No.8,Wendesday,02-05-2012 )

Posted: May 9, 2012 in Interview
Tags: , , ,

Hiphop show ပွဲတစ်ခုမှာ YAKဆိုတဲ့မိန်းကလေးနှစ်ယောက်အဖွဲ့ရဲ့သီချင်းကို ကြားလိုက်မိတယ် ။ဘေးက ကလေးတွေက ကြမ်းလှချည်လား ၊ ဒဲ့ပဲနော်လို့ ပြောတယ် ။ စာသားတွေက ဒဲ့ဒိုးဆန်တယ် ။မိန်းကလေးအပေါက် သီချင်းတွေနဲ့ မတူဘူး ။ Underground မှာပေါက်နေတဲ့ သီချင်းတဲ့ ။ ဒီအဖွဲ့ကိုစိတ်ဝင်စားပြီး ချိတ်လိုက်တော့ YAK မှာ သဇင် ( Da Zin ) နဲ့ Triple A နှစ်ယောက် ။သဇင်ပဲ ရုံးကိုရောက်လာတယ် ။ သူနဲ့ YAK အကြောင်း ၊ သူတို့ သီချင်းတွေအကြောင်းပြောဖြစ်ခဲ့တယ် ။သူတို့ရဲ့သီချင်းက ရိုင်းတာမဟုတ်ဘူး ။ ဒဲ့ပြောတာဆိုတဲ့အကြောင်းရောပေါ့ ။

-YAK ရဲ့အစ . . .

YAK စဖွဲ့ဖြစ်တာက ၂၀၀၄ လောက်မှာ ။သဇင်က Hiphop အစစ်ပဲဆိုမယ်ဆိုပြီး တစ်ယောက်တည်းစလုပ်ဖြစ်တာ ။ သီချင်းတစ်ပုဒ်မှာ Melody ဆိုဖို့ စော်လိုတယ်။ အဲဒီမှာ Triple A ပေါ့ ။ အေးအောင်နဲ့တွေ့တာ။
သူကလည်း အဖွဲ့လုပ်မလား ၊ လုပ်မယ်ဆိုပြီး YAK ကိုစဖွဲ့ ဖြစ်ခဲ့တာပါ ။

-Underground ကနေပဲ ဖြတ်သန်းနေရတာလား ?? ။

အတွဲခွေသုံးလေးခွေတော့ဆိုဖူးတယ် ။ လူတော့သိပ်မသိဘူး ။ Underground မှာပဲသိကြတယ် ။ Mainstream
ပေါ်မှာတော့ YAK ဆိုပြီးသိပ်မသိကြဘူး ။ Underground မှာတော့သိကြပါတယ် ။

-သီချင်းတွေကို ကိုယ်တိုင်ရေးဆိုဖန်တီးဖြစ်ပုံကိုပြောပါဦး ။ YAK ရဲ့ စာသားတွေက ကြမ်းတယ်လို့လဲပြောကြတယ်လေ ။

စာသားကြမ်းတယ်ဆိုတာက သဇင်တို့ နှစ်ယောက်စလုံးက မိန်းမမဆန်ဘူး ။ မိန်းမဆန်တဲ့ အိညောင် အိညောင်သီချင်းတွေမဆိုဘူး ။ Hiphop အစစ်ပဲဆိုမယ်လို့ ဆုံးဖြတ်ထားတာ ။ဘေးက ကူညီပေးတဲ့လူတွေကလည်း နင်တို့ ပုံစံကနွဲ့နွဲ့နှောင်းနှောင်းဆိုလို့မရဘူး ။ ကြမ်းတာနဲ့ပဲလိုက်တယ်လို့ ပြောကြတာလဲပါတယ် ။ Life & Dance ပွဲမှာဆိုခဲ့တဲ့သီချင်းကလည်း ကြမ်းတယ်ဆိုတာကလည်း YAK ဆိုရင် တချို့က မမိုက်ပါဘူး ။ ပုံမလာပါဘူးနဲ့ ပြောကြတယ် ။
YAK က Background လည်းမရှိဘူး ။ ရုပ်လည်း အသင့်အတင့်ပဲဆိုတော့ အဲဒီလိုမျိုးလုပ်စားနေတဲ့စော်တွေကနောက်ကွယ်ကနေ ဖောင်းပြောကြတယ် ။ အဲဒါကိုလည်း ကြားပါတယ် ။ အဲဒါကို သဇင်တို့ YAK ရဲ့ မန်နေဂျာအစ်မကြီးကဒီလောကမှာ အဲဒီလိုမျိုးလုပ်စားနေတဲ့လူတွေအကြောင်းရေးပါလားပေါ့ ။ အဲဒီမှာ ဒီသီချင်းကို ဆိုဖြစ်တာပါ ။YAK အနေနဲ့ ခပ်ရိုင်းရိုင်းဆိုမှပေါက်မယ်ဆိုပြီး လုပ်ထားတာမျိုးမဟုတ်ပါဘူး ။ ကိုယ့် Feeling နဲ့ ကိုယ် ပေါက်ကွဲထွက်လာ
တာပါ ။အဲဒီသီချင်းနံမည်ကို “Porn Face ( ဖာရုပ် )” လို့ပေးထားပါတယ် ။ မကောင်းတာလုပ်စားတဲ့ မိန်းမရဲ့ ရုပ်ပေါ့ ။

-တချို့ကYAK ကဒီလို စာသားကြမ်းကြမ်းရိုင်းရိုင်းတွေဆိုတာ Underground ကနေ Mainstream ပေါ်ကို တက်ချင်လို့
ပေါက်ချင်လို့ ဆိုတာပါကွာလို့ ပြောလာရင် YAK ဘက်ကဘာပြန်ပြီးဖြေရှင်းစရာ ရှိလဲ ???? ။

အဲလိုပြောလာတာတွေကြားပါတယ် ။ စလုပ်ကတည်းက ဒါမျိုးအပြောခံရမှာသိပါတယ် ။ တချို့ဆိုရင် ဂျောက်ဂျက်က
ဒါမျိုးဆိုလို့ ပေါက်ပြီးသား ၊ နင်တို့က ဒါမျိုးပြောချင်လို့ လိုက်ဆိုတာလားပေါ့ ။ သဇင်ရဲ့ အတွေးက အဲဒီလို မဟုတ်ဘူး ။
မှားချင်လည်းမှားမှာပေါ့ ။ ဂျောက်ဂျက်သီချင်းထဲက မိန်းကလေးတွေပုံစံက အပြင်မှာလဲ ဒီလိုပဲလေ ။ YAK ရဲ့သီချင်းထဲက ကောင်မလေးက သာမန်ပြည်သူတွေမသိတဲ့လူ ။ အများအမြင်မှာတော့Celebrity ပေါ့အရမ်းမိုက်တယ်ပေါ့ ။ဒါပေမယ့် သူတို့တွေက ဒါမျိုးလုပ်စားနေတယ် ။ ရိုးရိုးသားသားနဲ့ လုပ်စားနေတဲ့လူတွေအပေါ်မှာ မကောင်းဘူးပြောတယ်
ဆိုတာ ဘယ်သူမှမသိကြဘူးလေ ။ အဲဒီတော့ သူတို့ ဒါမျိုးတွေ လုပ်စားနေတယ် ။ ဒါမျိုးမလုပ်စားစေချင်တဲ့ ရည်ရွယ်ချက်
နဲ့ ဆိုတာပါ ။ မနာလိုတာ ဘာညာမရှိပါဘူး ။ မိုက်မိုက်ရိုင်းရိုင်းဆိုမှ ပေါက်မယ်ဆိုတဲ့ အတွေးမျိုးမရှိပါဘူး ။

-YAK ရဲ့ Solo ရောထွက်ဖို့ အခြေအနေဘယ်လိုလဲ ???? ။

YAK က လုပ်တာက ၇နှစ်လောက်ရှိပြီဆိုတော့ Solo တစ်ခွေတော့ထွက်ချင်တယ် ။ နှစ်ယောက်လုံးရသမျှ ပိုက်ဆံတွေစုတယ် ။
သူငယ်ချင်းတွေကိုလည်း အကူအညီတောင်းတယ် ။ ဒီလောကထဲက ကိုယ့်ကို Supporting လုပ်ပေးတဲ့လူတွေ ရှိပါတယ် ။
Solo ကျတော့ သဇင်တစ်ယောက်တည်းလည်း မရေးနိုင်ဘူးလေ ။ တခြားကူညီပြီးရေးပေးတဲ့ Featuring ၃ ၄ ပုဒ်ပါမယ် ။
ဒီနှစ်အကုန်လောက်ထွက်ဖြစ်မယ်ထင်ပါတယ် ။
G-Tone ၊ နက်ကျော် ၊ လန်ဘား တို့လည်း အကူအညီတောင်းထားတယ် ။
တီးတာက KGK ၊ G-Tone ၊ ချမ်းအေးဝင်း ၊နက်ကျော်တို့ ကူညီပြီးတီးပေးတယ် ။

-Featuring အနေနဲ့ တခြားအဖွဲ့တွေပါဦးမလား ???? ။

ပါမယ် ။ အခု Cyclone နဲ့ တစ်ပုဒ်လုပ်ထားတယ် ။ နက်ကျော် နဲ့ လန်ဘား လည်းဝင်ဆိုပေးမယ်ပြောတယ် ။

-YAK ရဲ့ ကိုယ်ပိုင် Flow ၊ ကိုယ်ပိုင် Rhyme ၊ ကိုယ်ပိုင် Style မျိုးထွက်လာမယ်လို့ မျှော်လင့်လို့ ရလား ???? ။

ဖြစ်နိုင်ပါတယ် ။ YAK မှာ သဇင်တစ်ယောက်တည်း ရေးတာဆိုတော့ Flow တွေ Rhyme တွေတော့ထပ်မှာပဲ ။ အခုနောက်ပိုင်း
Underground မှာ လန်းနေတဲ့ ကလေးတွေလောက်တော့ သစ်ချင်မှသစ်မယ် ။ YAK ရဲ့ ကိုယ်ပိုင် Style တစ်ခုတော့ရှိအောင်
လုပ်ထားပါတယ် ။

YAK က သဇင်နဲ့ ပြောဖြစ်သမျှ : by MNL
( My Music Fashion & Art Journal ,Vol.3,No.8,Wendesday,02-05-2012 )

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s