ခေတ်သစ်ကြော်ငြာနည်းလမ်းတစ်ခုဖြစ်လာမယ့် QR Code :မင်းသုနောင်

Posted: August 22, 2012 in Review
Tags: ,

စဉ်ဆက်မပြတ်ပြောင်းလဲ တိုးတက်လာနေတဲ့ နည်းပညာခေတ်မှာ အစစအရာရာ ပြောင်းလဲလာခဲ့ပါပြီ ။ အင်တာနက်(web) နဲ့ ဆက်စပ်လုပ်ကိုင်နေကြတဲ့ စီးပွားရေးလုပ်ငန်းတွေ ၊ လူမှုရေးလုပ်ငန်းတွေနဲ့ နယ်ပယ်အသီးသီးက ကြော်ငြာဆိုင်းဘုတ်တွေ ၊ ပိုစတာတွေမှာ ကိုယ့်ရဲ့ အချက်အလက်တွေ ၊ ဖုန်းနံပါတ်တွေ ၊
website လိပ်စာ ၊ e-mail လိပ်စာတွေ အစရှိတဲ့ အချက်အလက်တွေကို ဖော်ပြတဲ့အခါမှာ ပုံမှန်နည်းလမ်းအတိုင်းရေးသားဖော်ပြကြတဲ့အပြင် ကြော်ငြာရဲ့ တစ်နေရာရာမှာ လေးထောင့်ကွက်ခပ်သေးသေးလေးတွေပါတဲ့ အကွက်လေးတစ်ကွက် ပါလာတတ်တာတွေ့မြင်ကြပါလိမ့်မယ် ။ ဒါဟာ ဘာလဲဆိုရင်သင့်ရဲ့ smart phoneကနေ အဲဒီအကွက်ကလေးကို scan ဖတ်လိုက်တာနဲ့ အဲဒီကြော်ငြာရဲ့ website ၊ ဖုန်းနံပါတ်အစရှိတဲ့ အချက်အလက်တွေရယူနိုင်တယ်ဆိုတာ သတိထားမိချင်မှ ထားမိပါလိမ့်မယ် ။ အဲဒီ လေးထောင့်ကွက်လေးဟာအရင်က စတိုးဆိုင်တွေ ၊ Shopping Center တွေမှာ တွေ့ဖူးနေကြဖြစ်တဲ့ barcode တစ်မျိုးပဲ ဖြစ်ပါတယ် ။
အခုအခါမှာတော့ QR Code အဖြစ်ပြောင်းလဲတိုးတက်လာခဲ့ပြီး နေရာတကာမှာ တွေ့မြင်လာရပြီဖြစ်ပါတယ် ။

   QR Code ဆိုတာ Quick Response Code ရဲ့အတိုကောက်ဖြစ်ပါတယ် ။ code အမျိုးအစား ၂မျိုးနဲ့ တည်ဆောက်ထားတဲ့ bar code အမျိုးအစားတစ်ခုဖြစ်ပါတယ် ။ မူလက စက်မှုလုပ်ငန်းတွေ ၊ အလုပ်ရုံတွေမှာသာ အသုံးပြုခဲ့ကြပြီး code တွေကို လျင်လျင်မြန်မြန်ဖတ်နိုင်ပြီး အသုံးပြုရတာ လွယ်ကူတာကြောင့် အခြားနယ်ပယ် အသီးသီးမှာလည်း အသုံးပြုလာခဲ့ကြပါတယ် ။ UPC ( Universal ProductCode ) လို့ခေါ်တဲ့ ကုန်ပစ္စည်းတွေမှာ  အသုံးပြုကြတဲ့ bar code တွေနဲ့ နှိုင်းယှဉ်ရင် သိမ်းဆည်း မှတ်သားနိုင်တဲ့ပမာဏပို များတာကြောင့် ပိုမိုတွင်ကျယ်လာခဲ့ပါတယ် ။  QR Code မှာ အဓိကတည်ဆောက်ထားတာကတော့ အမည်းရောင် လေးထောင့်ကွက်အစက်လေးတွေပဲ ဖြစ် ပါတယ်။ နောက်ခံ အဖြူရောင်ပေါ်မှာ အဲဒီ လေးထောင့်ကွက်သေးသေးလေးတွေကို ပုံစံတစ်ခုအနေနဲ့ တည်ဆောက်ထားတာဖြစ်ပါတယ် ။ စံသတ်မှတ်ချက်တစ်ခုအနေနဲ့ ကိန်းဂဏန်းနဲ့ စာသားအချက်အလက်တွေကို ၀ှက်စာတစ်ခုပမာ ပုံစံပြောင်းပစ်ကာ ပုံဖော်သိမ်းဆည်းထားတာဖြစ်ပါတယ် ။ အဲဒီအချက်အလက်တွေကို Bar code scanner လို သီသန့်သတ်မှတ်ထားတဲ့ ပစ္စည်းတွေကနေ တစ်ဆင့်ပြန်လည်ဖော်ယူရပါတယ် ။ အခုအခါမှာအရင်လို သီးသန့် Scanner တွေမလိုတော့ပဲ smart phone တွေကနေ Barcode Application တွေကို သုံးစွဲကာအသုံးပြုနိုင်ပြီဖြစ်ပါတယ် ။

     ကမ္ဘာ့ထိပ်တန်း ကားထုတ်လုပ်တဲ့ ကုမ္ပဏီကြီး Toyota အတွက်လိုအပ်တဲ့ အစိတ်အပိုင်းတွေထုတ်လုပ်ပေးနေရ တဲ့ Denso ကုမ္ပဏီက ထရပ်ကားတွေထုတ်လုပ်တဲ့နေရာမှာ အထောက်အကူပြုစေဖို့ ၁၉၉၄ခုနှစ်မှာ စတင်အသုံးပြုခဲ့တာ ဖြစ်ပါတယ် ။ QR Code မှာ decoded ပြုလုပ်ထားတဲ့ အချက်အလက်တွေကို လျင်မြန်တဲ့နှုန်းနဲ့ ပြန်လည်ဖော်ယူနိုင်အောင် ရည်ရွယ်ရေးဆွဲထားပါတယ် ။ အဒါကြောင့် ထုတ်ကုန်တစ်ခုရဲ့ အသေးစိတ်အချက်အလက်ကို သိချင်ရင်နေရာအများကြီးပေးစရာမလိုပဲ QR Code တစ်ခုမှာထည့်သွင်းပေးရုံနဲ့အချိန်ကုန်၊ငွေကုန် သက်သာစေပါတယ် ။ QR Code ရဲ့အားသာချက်က လေဆာအလင်းရောင်နဲ့ ဖတ်တဲ့ barcode sensor မလိုပဲ ထည့်သွင်းတည်ဆောက်ထားတဲ့ အချက်အလက်တွေကို binary numbers ၊ ကွန်ပျူတာတွေ ၊ စမတ်ဖုန်းတွေ နားလည်တဲ့ ကိန်းဂဏန်းအဖြစ် ပြောင်းလဲပေးနိုင်တာပဲ ဖြစ်ပါတယ် ။
QR Code ကို Google ရဲ့ Mobile OS ဖြစ်တဲ့ Andriod မှာ ZXing လို barcode scanner apps ကိုတင်ထား ပြီးအသုံးပြုနိုင်ပါတယ် ။ များသောအားဖြင့် QRcode တွေ ၊ URL လိပ်စာ အတိအကျတိုက်ရိုက် ၀င်ရောက်လိုတဲ့ အခါ touch screen မှာ စာရိုက်ထည့်စရာမလိုဘဲ တိုက်ရိုက်ဝင်ရောက်နိုင်တဲ့အတွက် အလွန်လွယ်ကူပါတယ် ။

  နောက်ပိုင်းမှာ URL လိပ်စာတစ်ခုတည်းတင်မဟုတ်ပဲ email လိပ်စာ ၊ ဖုန်းနံပါတ် ၊ စာသားအချက်အလက် ၊
လိပ်စာကဒ် ၊ Youtube Video လိပ်စာ ၊ Facebook profile ၊ Twitter Profile ၊ Google Map တည်နေရာတွေ ကိုပါ QR Code image ပြုလုပ်လာနိုင်ပြီဖြစ်ပါတယ် ။ ဒါကြောင့် အချို့ဈေးဝယ်ကဒ်တွေ ၊တစ်ခါသုံးဖုန်းကဒ်တွေနဲ့ ကဒ်နဲ့ပေးချေရတဲ့ ၀န်ဆောင်မှုမျိုးတွေမှာ အသုံးပြုနေတဲ့ အချက်အလက်သိမ်းဆည်းထားတဲ့ chip တွေနေရာမှာ တစ်ဖြည်းဖြည်းအစားထိုးလာပြီဖြစ်ပါတယ် ။ များသောအားဖြင့်ဝန်ထမ်းအများအပြားကို ထိတွေ့ဆက်ဆံရတဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်လိုနေရာမျိုးမှာ ID ကဒ်တွေကို QR Code ထည့်သွင်းထားခြင်းအားဖြင့် ပိုမိုလျင်မြန်စေမှာဖြစ်ပါတယ် ။ QRCodeမှာထည့်သွင်းနိုင်တဲ့ ပမာဏကတော့ ကိန်းဂဏန်းချည်းပဲဆိုရင် 7089 လုံး ၊ စာလုံးတွေချည်းဆိုရင် 4396 လုံးနဲ့ Binary/ byte အနေနှဲ့ဆိုရင် 2953 bytes ပမာဏရှိတဲ့ စာလုံးရေထည့်သွင်းနိုင်မှာဖြစ်ပါတယ် ။  QR Code ရဲ့ နောက်ထပ်အသုံးဝင်တဲ့ အချက်တွေရှိပါသေးတယ် ။ သင့်ရုံးမှာ အသုံးပြုနေတဲ့ wireless router
ရဲ့ရှည်လျားလှတဲ့ password တွေကို QR Code ပြုလုပ်ကာ သိမ်းဆည်းထားခြင်းအားဇြင့် password အရှည်ကြီးတွေ မှတ်သားထားရတဲ့အဖြစ်ကနေ လွတ်ကင်းစေပါတယ် ။ အဲဒီလိုပဲ smartphone သုံးတဲ့ ကိုယ့်ရဲ့ သူငယ်ချင်းတွေဆီကို  download link တွေမျှဝေချင်တဲ့အခါမျိုးမှာလည်း QR Code ပြုလုပ်ပြီး ပေးခြင်းအားဖြင့်ဖုန်းကနေ link ကို တစ်လုံးချင်းစီပြန်လည်ရိုက်ထည့်စရာမလိုပဲ တိုက်ရိုက် download ပြုလုပ်နိုင်မှာဖြစ်ပါတယ် ။
QR Code မှာ ထည့်သွင်းထားတဲ့အချက်အလက်တွေကို monitor screen ပေါ်ကနေဖြစ်စေ ၊ ကြော်ငြာပိုစတာပေါ်မှာဖြစ်စေ ၊ စာရွက်ပေါ်မှာဖြစ်စေ ကုန်ပစ္စည်းတွေပေါ်မှာ ရိုက်နှိပ်ဖော်ပြထားတာဖြစ်စေ ဖုန်းရဲ့ Barcode Scanner App ကိုသုံးကာ ကင်မရာကနေ Scan ပြုလုပ်ရယူနိုင်ပါတယ် ။

Andriod ဖုန်းတွေမှာ QR Code တွေကို အသုံးပြုနိုင်မယ့် barcode scanner app ကို ဒီနေရာမှာ ( http://mediafire.com/?d2dlcxvl3rqf0z5 ) မှာရယူနိုင်ပြီး ကိုယ်ပိုင် link တွေ ၊ လိပ်စာတွေ ၊ အချက်အလက်တွေကို ကိုယ်ပိုင် QR Code တစ်ခုအဖြစ် ပြုလုပ်ချင်တယ်ဆိုရင်တော့

http://beqrios.com/qr-code-generator/ နဲ့ http://www.qurify.com/en/ တွေမှာဝင်ရောက်ပြုလုပ်နိုင်ပါတယ် ။

VIA:Mobile Gudie ( 22,August,2012 ) Vol.1 , Issue .66

PS:ဒါကတော့ ကျွန်တော်တို့ အိုးဘို wordpress.com ရဲ့ QR Code လေးပါ ။

 

 

 

Comments
  1. […] ဂျပန်နိုင်ငံမှာပါ ခေတ်စားလာပါတယ်။ ဒီမှာ အသေးစိတ်ကို […]

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s