အင်တာနက်ရေဒီယိုဖြစ်သော 7 online radio တွင်ထုတ်လွှင့်နေသည့် တေးသီချင်းများကို အနုပညာကြေးပေးနိုင် ရန် ဂီတအစည်းအရုံးနှင့် ကြိုတင်ညှိနှိုင်းမှုပြုလုပ်

Posted: September 24, 2012 in News
Tags:

အင်တာနက်ရေဒီယိုဖြစ်သော 7 online-radio တွင်ထုတ်လွှင့်နေသည့်သီချင်းများကို အနုပညာကြေးပေးနိုင်ရန်
ဂီတအစည်းအရုံးနှင့်အကြိုညှိနှိုင်းမှုပြုလုပ်ခဲ့သည်ဟု သတင်းရရှိသည်။ယင်းသို့ ညှိုနှိုင်းမှု ပြုလုပ်ရာတွင်အကြမ်းဖျင်း သဘောတူညီချက်အားရရှိထားပြီးဖြစ်ပြီးအသေးစိတ်အချက်အလက်များကိုထပ်မံညှိနှိုင်းပြီးချိန်တွယ်ထုတ်ပြန်ပေးသွားမည်ဟု သိရှိရသည် ။
” ကျွန်တော်တို့အနေနဲ့ ဂီတလောကသားတွေရသင့်ရထိုက်တာကိုရစေချင်သလို ဒီဘက်ကလုပ်ဆောင်သူတွေ
အနေနဲ့လည်း အဆင်ပြေပြေလေးဖြစ်စေချင်တယ် ။ ဒီအတွက်ဂီတအစည်းအရုံးက တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းပြီး
တော့ နှစ်ဦးနှစ်ဖက်စလုံးပြေလည်မယ့်ပုံစံဖြစ်အောင် ညှိနှိုင်းနေပါတယ် ။ စက်တင်ဘာလ၂၁ရက်နေ့မှာညှိနှိုင်းခဲ့
ပေမယ့် ဂီတအစည်းအရုံးကအမှုဆောင်အဖွဲ့ဝင်တွေ လူမစုံတာကြောင့်အကြမ်းဖင်းညှိနှိုင်းသဘောတူတာမျိုးပဲ
ရှိပါသေးတယ် ။ အသေးစိတ်ညှိနှိုင်းသဘောတူမှုကိုတော့ ထပ်ပြီးဆွေးနွေးဆုံးဖြတ်သွားပါမယ် ။
ဦးတည်ဆွေးနွေးတဲ့အကြောင်းအရာကတော့ ဂီတလောကသားတွေရဲ့ ရပိုင်ခွင့်တွေလည်းထိုက်ထိုက်တန်တန်ဖြစ်
အောင်၊နစ်နာဆုံးရှုံးမှုမရှိရအောင်ညှိနှိုင်းတိုင်ပင်တာပါ ။ အသေးစိတ်ဆုံးဖြတ်ပြီးသွားရင်တော့ ဂီတလောကသားတွေအားလုံးလည်းသိရှိနိုင်ဖို့ထုတ်ပြန်ပေးသွားမှာပါ “ ဟု 7online-radio မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့်တေးရေးမင်းချစ်သူကရှင်းပြခဲ့သည် ။

7radio online radio သည်ကမ္ဘာတစ်ဝန်းရှိ မြန်မာများအင်တာနက်မှတစ်ဆင့် မြန်မာတေးသီချင်းများနားဆင်ခံစားနိုင်ရန်အတွက် ထုတ်လွှင့်ခဲ့ခြင်းဖြစ်သည် ။7online radio ကို အင်တာနက်မှတစ်ဆင့်နားဆင်ခံစားလိုသူများအနေဖြင့် AdobeAir ကို ( http://get.adobe.com/air)download လုပ်ပြီး
install လုပ်ရန်၊www.7onlineradio.com မှ official player ကို download လုပ်ပြီး install လုပ်ကာနားဆင်နိုင်သည်ဟုသိရသည် ။ 7onlineradio သည် အင်တာနက်မှတစ်ဆင့်ချိတ်ဆက်နားဆင်နိုင်သည့် ပထမဆုံးရေဒီယိုလိုင်းဖြစ်ပြီးမြန်မာသီချင်းများအား ၂၄နာရီနားဆင်နိုင်သည့် ရေဒီယိုလိုင်းဖြစ်သည်ဟု သိရှိရသည် ။

VIA : Weekly Eleven News

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s