Copyright !!! Copyright!!!!

Posted: September 24, 2012 in Uncategorized
Tags:

ဒီနေ့ဂျာနယ်တွေလှန်ရင်းနဲ့ ကျွန်တော်တို့လေးစားအားကျရတဲ့တေးရေးဆရာနှစ်ယောက်ဖြစ်တဲ့ မောင်မောင်ဇော်လတ် နှင့် လင်းလင်း အများသိစေရန်ကြေငြာချက်ဆိုတဲ့မူပိုင်ခွင့်နဲ့ပတ်သတ်တဲ့ကြေငြာချက်တစ်ခုကိုဖတ်ခဲ့ရပါတယ် ။

ဒီကြေငြာချက်မှာ ကာယကံရှင်ရဲ့ဖန်တီးထားသော/ပါဝင်ပတ်သတ်မှုရှိသော ( သီချင်း ၊ စာသား ၊ သံစဉ် ၊
သီဆိုမှုအမှတ်အသား ၊ ပန်းချီ ၊ ဓါတ်ပုံတို့မှအစ )အနုပညာဖန်တီးမှုပစ္စည်းအ၀၀တို့နှင့်စပ်လျဉ်းပြီးအနုပညာရှင်ကိုယ်စား လွှဲအပ်ခံထားရတဲ့ရှေ့နေမှ စီမံဆောင်ရွက်သွားမယ်လို့ဖော်ပြထားပါတယ် ။
ကာယကံရှင် (သို့မဟုတ်) တစ်ဦးတည်းကိုယ်စားလှယ်လွှဲစာခန့်အပ်ခြင်းခံရသူ မှအပ တရားဝင်ခွင့်ပြုချက်မရှိပဲ
ပြည်တွင်း၊ပြည်ပမှာ မည်သူတစ်ဦးတစ်ယောက်မှ သို့မဟုတ် မည့်သည့်အဖွဲ့အစည်းမျှ ( သီဆို ၊ ထုတ်လွှင့် ၊ ဖြန့်ချီ ၊ ရောင်းချခွင့်များအပါအ၀င်)မူပိုင်အဖြစ် ဆောင်ရွတ်ခွင့်၊လွှဲအပ်ခွင့်၊အသုံးပြုခွင့်၊စီမံခန့်ခွဲခွင့်တစ်စုံတစ်ရာမရှိကြောင်း ။ အသုံးပြုလိုပါက ဆက်သွယ်ကာတရားဝင်ခွင့်ပြုချက်ရယူနိုင်ကြောင်း ။ တရားမ၀င်အသုံးပြုထားကြောင်းတွေ့ရှိ
ပါက သက်ဆိုင်ရာဥပဒေနှင့်အညီ ဆောင်ရွတ်သွားမည်ဖြစ်ကြောင်း ကြေငြာချက်မှာဖော်ပြထားပါတယ် ။

ကျွန်တော်တို့လိုလမ်းမပေါ်ကလူတွေအတွက် ကိုယ်ပိုင်ဖန်တီးမှုအနုပညာပိုင်ဆိုင်မှုတွေနဲ့ပတ်သတ်ပြီး ဒီသတင်းကိုပြန်လည်မျှဝေခြင်းဖြစ်ပါတယ် ။ကိုယ်ဖန်တီးလိုက်တဲ့ အနုပညာကို ခေါင်းစဉ်မျိုးစုံတပ် ၊ ဖြတ်ညှပ်ကပ် ၊တွေလုပ်ပြီး မိမိပိုင်ဆိုင်သယောင် ၊ လုပ်ပိုင်ခွင့်ရှိသယောင်ယောင်ဖန်တီးလုပ်စားနေကြတဲ့ကမ္ဘာကြီးထဲမှာ မိမိတို့ရဲ့ဦးနှောက်အရည်အသွေးရှိသလောက်လေးနဲ့ ဖန်တီးတဲ့ အနုပညာအစစ်တွေ ၊ အသစ်တွေ ကို ကာကွယ်နိုင်ဖို့ ဥပဒေဆိုတာရှိသင့် တာအမှန်ပါပဲ ။ ဒီဥပဒေဆိုတဲ့စကားလုံးကိုအသုံးပြုပြီးပြောဆိုဖို့ ငွေကုန်ကြေးကျခံနိုင်ဖို့လိုလာမယ်လို့ထင်ပါတယ် ။ ဒါကျွန်တော်တို့မြန်မာတွေကိုယ်တွေ့ပင်ကိုယ်အသိပါ။ဥပဒေနဲ့ပတ်သတ်လာရင်ငွေကုန်မယ်၊ အချိန်ကုန်မယ်ဆိုတဲ့အသိကြောင့်ပါးစပ်တွေပိတ်နေပြီး အေးအေးဆေးဆေးနေထိုင်ပြီးမိမိအနုပညာတွေကို သူတပါးအသုံးချနေတာကိုထိုင်ကြည့်နေခဲ့ရတဲ့ သူတွေအများကြီးရှိနိုင်မှာပဲဆိုတဲ့အတွေးများဖြင့် . . . .  ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s