တန်ဖိုးရှိသောခံယူချက်နဲ့ လှပတဲ့အနုပညာကို ဖန်တီးနိုင်ကြစေဖို့ ( မေသော် : The Trade Times )

Posted: November 30, 2012 in Uncategorized

အနုပညာရပ်ဝန်းရဲ့ မိုးလေ၀သ အခြေအနေကတော့ တိမ်ထူထပ်ဆဲ ။ အခုပြောတဲ့
အနုပညာရပ်ဝန်းဆိုတာ သရုပ်ဆောင်လောကနဲ့ ဂီတလောကကိုသာ အဓိက
ရည်ညွှန်းတယ်ဆိုပေမယ့် အခြား အခြားသော ပန်းချီ ၊ Graffiti စတဲ့ လောက ၊
ကဏ္ဍတချို့ရဲ့ ပြောင်းလဲမှုတွေကိုလည်း ရည်ညွှန်းချင်တာပါ . . . . ။

နယ်ပယ်အသီးသီးကို မကြာသေးခင်အချိန်အတွင်းကမှ ပြုပြင်ပြောင်းလဲမှုတွေ စတင်
အသက်သွင်းချိန်ဖြစ်တာမို့ အနုပညာလောကရဲ့ အပြောင်းအလဲတစ်ရပ်အနေနဲ့ကတော့
ဆင်ဆာဖြတ်တောက်ခြင်းတွေ လျှော့ချပေးလိုက်တာကြောင့် ဗီဒီယို ၊ ဗီစီဒီတချို့ရဲ့ ရိုက်ကူးမှု
ဖန်တီးသူနဲ့ သက်ဆိုင်တဲ့အိုင်ဒီယာတွေ ပိုမိုပွင့်လင်းလာကြသလို သရုပ်ဆောင် ၊ မင်းသား ၊
မင်းသမီး ၊ မော်ဒယ်တွေရဲ့ ဖက်ရှင်တွေကလည်း စိတ်ကြိုက်ဖက်ရှင်တွေ ဖြစ်လာကြပါတယ် ။

” အခုနောက်ပိုင်း ထွက်လာတဲ့ ဗီစီဒီတွေထဲမှာမိန်းကလေးအချင်းချင်း ချစ်ကြိုက်ပြီး အတူတူနေတဲ့
စတိုရီမျိုးတွေတော်တော်ရိုက်လာကြတယ် ။ မိန်းကလေးဆေးလိပ်သောက်တာမျိုးအထိတောင် တချို့
ဗီစီဒီတွေထဲမှာတွေ့လာရတယ် ” လို့ မြန်မာဗီစီဒီနဲ့ သီချင်းခွေတွေကိုအမြဲကြည့်ဖြစ်တဲ့အသက် ၂၁နှစ်
အရွယ် မစုမြတ်စံက ပြောပါတယ် ။

ကင်မရာအယူအစ ၊ ကာလာ ၊ editပိုင်းဆိုင်ရာတွေမှာတော့ အရင်ထက်ပိုမိုအဆင့်မီလာသလို ပညာရပ်ပိုင်း
ဆိုင်ရာတွေမှာလည်းအရင်ထက် ပို upgrade ဖြစ်လဲတဲ့အပြင် ကိုယ့်ရဲ့ စတိုရီကနေ ပြည်သူတွေအပေါ် ပေးချင်
တဲ့ message ကိုလည်းအရင်နဲ့မတူပဲ ပိုအဆင်ပြေစွာတိုက်ရိုက်ပေးနိုင်လာကြတာပါ ။

မြူးဇစ်လောကမှာတော့ ယခင်ကရော၊လက်ရှိကာလမှာပါ ခေတ်စားတဲ့ ပေါ့ပ်ချိုချိုလေးတွေ ၊ ဟစ်ဟော့သီချင်းတွေ
မပြင်းမပျော့ ရော့ခ်တွေနဲ့ ပြန်ဆိုတေးသီချင်းတွေက နေရာယူထားဆဲဖြစ်ပြီး အခုနောက်ပိုင်း လူငယ်တွေ နှစ်ခြိုက်
နေကြတဲ့ Dubstep ပုံစံမျိုးတွေကိုတော့ တစ်ဦး ၊ နှစ်ဦးလောက်သာ ဖန်တီးချပြထားကြသေးတာပါ ။

Mainstream ထဲက အနုပညာရှင်တွေရဲ့ ဖန်တီးမှုတွေကတော့ အရင်ကထက်ပိုပြီးကော်မာရှယ် ဆန်လာတယ်လို့
ဆိုရမလား ။ ခေတ်အခြေအနေကိုလိုက် ၊ မြန်မာပရိသတ်တွေနဲ့ ပရိုဂျူဆာတွေ အကြိုက်တွေ့လောက်မယ့်
သီချင်းပုံစံတွေကိုသာ လုပ်လာကြတာကို သတိပြုမိလာပါတယ် ။
အရင်တုန်းက Hip Hop ဂီတ ခေါင်းစဉ်အောက်မှာ MidWest သီချင်းပုံစံမျိုးတွေ ဖန်တီးချပြရင်း ဂီတလောကထဲရောက်လာသူ
ကလည်း အခုဆို K-Pop သီချင်းပုံစံမျိုးတွေ ဖန်တီးလို့ ဖန်တီး ၊ မယ်လိုဒီတွေဆိုလိုဆို ၊ ဒီလိုအခြေအနေတွေဖြစ်လာတဲ့ အခါ
အနည်းအကျဉ်း စိတ်ပျက်သွားမိပေမယ့် ခေတ်ရေစီးကြောင်း ၊ ခေတ်ဂီတလောက အခြေအနေကြောင့်ရယ်လို့
လျှော့ပေါ့ သုံးသပ်ပေးရတော့မယ် ထင်ပါတယ် ။

Underground မှာတုန်းက ကိုယ့်ရဲ့ဖန်တီးမှု အနုပညာကို အနေအထားမှန်မှန် ထုဆစ်တတ်ကြပေမယ့်
MainStream ပေါ်ရောက်လာပြီဆိုရင်တော့ ပရိတ်သတ်ကို ရှေ့ဆောင်လမ်းပြတစ်ယောက်အနေနဲ့ အသစ်
အသစ်တွေကို ချပြရမယ့်အစား ပရိသတ်အကြိုက်တွေလုပ် ၊ အဟောင်းထဲ တ၀ဲလည်လည် ဖြစ်နေတတ်ကြ
တာ မပြောင်းလဲတဲ့ အခြေအနေတစ်ရပ်ပါပဲ ။

ပရိသတ်တွေအကြိုက် ပေါ်ပင်ဆန်ဆန်ဖန်တီးတဲ့ အနုပညာတစ်ခုမှာ စစ်မှန်မှုဆိုတာ ရာခိုင်နှုန်းပြည့် မပါဝင်
နိုင်ပါဘူး ။ ဒါကြောင့်ကိုယ်က အစစ်ကို ချပြမလား ။ ဒါမှမဟုတ် ရေလိုက် ငါးလိုက်သွားရင်း ကျော်ကြားမှု
နောက်ကို လိုက်မလားဆိုတာကတော့ အနုပညာရှင်တစ်ဦးချင်းစီရဲ့ ခံယူချက်တွေနဲ့သက်ဆိုင်သွားပါပြီ ။

Graffiti လောကမှာဆိုရင်လည်း အခုလက်တလော ခေတ်စားနေတဲ့ အိုဘားမားပုံ နံရံမှာ ဆွဲခြင်းကိစ္စနဲ့
ပတ်သတ်ပြီး အငြင်းပွားစရာလေးတွေ သူတို့လောကမှာ ဖြစ်ပေါ်လာခဲ့ပါတယ် ။ ဒါဟာ Graffiti လား ၊ StreetArt
လား မခွဲခြားပဲ အနုပညာတစ်ခုလို့ ခံစားပြီး ရေးဆွဲသူက ရေးဆွဲတယ်လို့ ဆိုခဲ့ပေမယ့် ကြည့်ရှုသူတွေက ဒါကို
Graffiti လို့သာ သိမြင်ကြတာကြောင့် သူတို့တွေ Graffiti ဆိုတာ ဒါဘာလားလို့ အသိ အမြင်တွေ ဦးနှောက်ထဲ
စိမ့်ဝင်သွားခဲ့ပါတယ် ။ ပြောရရင် အရင်ကနံရံပေါ် ဟိုရေး ၊ ဒီရေး ၊ ဟိုခြစ် ၊ ဒီခြစ် Graffiti ထက်စာရင် ဒီလို သမတ္တ
ပုံ ၊ အိုဘားမားပုံနဲ့ ပတ်သတ်ပြီး ဂယက်ရိုက်မှုတွေ ဖြစ်ခဲ့ပါတယ် ။ ဒါဆို ဒီပုံကိုရေးဆွဲသူ အာကာကျော်ရဲ့ ခံယူချက်က ဘာများဖြစ်မလဲ ??? ။
” ကျွန်တော်ကတော့ ကျွန်တော်ကြိုက်တာ ကျွန်တော်မလုပ်ဘူး ။ ရေခဲမုန့်စားချင်တဲ့သူ တစ်ယောက်ကို ဟမ်ဘာဂါမကျွေးဘူး ။ရေခဲမုန့်ပဲကျွေးမယ် ။ “
လို့ သူ့ရဲ့ မှာရေးသားထားတာတွေ့ရတာကြောင့် ဒီ Artist ရဲ့ အနုပညာအပေါ်ထားတဲ့ စိတ်ထား ၊ ခံယူချက်ကို တစ်ချက်ပြန်စဉ်းစားမိနေပြန် ပါရော ။

ကိုယ်ဖန်တီးတဲ့ ကိုယ့်အနုပညာကို ကိုယ့်အကြိုက်မဟုတ်ပဲ ၊ ပရိသတ်အကြိုက်ဖန်တီးခြင်းဟာ ကော်မာရှယ်ဆန်သလို ၊ လူသိများ ကျော်ကြားရေး
လမ်းကြောင်းပေါ်မှာသာ ရှိနေနိုင်တာကြောင့် ကိုယ့်ဖန်တီးမှု တစ်ခုက ပြည်သူတွေအတွက် ဗဟုသုတ ၊ သတင်းအချက်အလက် ၊
အမြင်သစ် အတွေးသစ်တစ်ခုမဟုတ် တစ်ခုမပေးနိုင် ၊ ကိုယ့် အနုပညာစစ်မှန်မှုမရှိဘူးဆိုရင်တော့ ဒါဟာ အနုပညာလောကကြီးအတွက် တဖြည်းဖြည်း
ရင်လေးစရာ ဖြစ်လာမှာ အသေအချာပါပဲ ။

– မေသော် –
The Trade Times Journal

http://www.thetrade-times.com

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s