Archive for May, 2012

ဒါကမျှော်လင့်ချက် မဟုတ်ရင်မျှော်လင့်ခြင်း
စိတ်ဓာတ်တွေအပေါ်မြင့်တက် ငါ အော်ဟစ်ရင်းန့ဲတောင်းဆိုပါရစေ
ငါတို့ရဲ့လွတ်လပ်မှုတွေ တောင်းဆိုပါရစေ ငါတို့ရဲ့ခံစားခွင့်တွေ
တောင်းဆိုပါရစေ ဘ၀ရဲ့မညီမျှမှုတွေ ။
(Hope_G-Tone)
 
mixingမလုပ်ရသေးပါ။ဟာမိုနီမထည့်ရသေးပါ။နားထောင်စေချင်လို့အကြမ်းကိုအရင်တင်ပါရစေ။plz..

LISTEN  HERE

HOPE : G-Tone ( produced by Khai Htoo Thaw )

DOWNLOAD  HERE

HOPE : G-Tone ( produced by Khai Htoo Thaw )

 

VIA: http://www.2twenty.blogspot.com/

http://bartinaction.blogspot.com/

Bitch Please!!

Posted: May 18, 2012 in Bitch Please
Tags:

သို့သော်တချို့သောသူတချို့က မည်သို့သောရည်ရွယ်ချက်ဖြင့် လုပ်ဆောင်သည်ကို မသိရဘဲ လှပစွာ ဆေးသုတ်ထားသော
ခြံစည်းရိုးများ ၊ အဆောက်အအုံများတွင် မှုတ်ဆေးများဖြင့်အရုပ်ဆိုးအောင် စာများ ၊ ရုပ်ပုံတချို့မှာလည်း မိဘနှင့်သားသမီး
မမြင်အပ် မသိအပ်သော စာနှင့်ရုပ်ပုံများဖြစ်နေပါသည် ။ ယင်းကဲ့သို့ ဆောင်ရွက်ခဲ့သော သူများမှာ ၄င်းတို့ဆောင်ရွက်ခဲ့ခြင်း
သည် အသေးအမွှား အရေးမကြီးသော ကိစ္စသာဖြစ်သည်ဟု ယူဆထားဟန်ရှိပါသည် ။ အမှန်တကယ်မှာ မိမိ၏ စည်းကမ်းမဲ့  
ဆောင်ရွက်လိုက်ခြင်းသည် မိမိအတွက်သာမက မိမိ၏ မိသားစုအသိုင်းအ၀ိုင်း၊ ထိုမှတစ်ဆင့် နိုင်ငံသိက္ခာကျဆင်းထိခိုက်စေ
သည်ကို သိရှိနားလည်ဟန်မရှိကြပါ ။ အဘယ့်ကြောင့်ဆိုသော် ယခုလို အရုပ်ဆိုးအောင် ပြုလုပ်ထားသော စာများ ၊ရုပ်ပုံများကို
မြင်တွေ့သွားပါက အထင်အမြင်သေးသွားမည့်အပြင် ကျန်သောမြန်မာနိုင်ငံသားများအပေါ်တွင်လည်း ယခုလို စည်းကမ်းမဲ့လုပ်
သည်ဟု ယူဆသွားနိုင်ပါသည် ။ ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးမပုပ်စေချင်ပါ

Mandalay ICON magazine စာအုပ်ထဲမှာ အခန်းဆောင်ရေးသားတင်ဆက်နေတဲ့ ဆရာအောင်ချိမ့် ရဲ့ ကွယ်လွန်သူ
စိတ္တဇပန်းချီဆရာ ၊ ကဗျာဆရာ ၊ တေးရေး နဲ့ တေးဆို တစ်ဦးဖြစ်တဲ့ ခင်ဝမ်းနဲ့ ပတ်သတ်ပြီး ရေးသားထားတဲ့အကြောင်း   ကိုကျွန်တော်လစဉ် စောင့်ဖတ်ဖြစ်ပါတယ်ဘာအကြောင်းကြောင့်မှ မဟုတ်ပါဘူး ။ ကိုယ်တွေလူဖြစ်တဲ့အချိန်နဲ့
မှီတယ်ဆိုရုံလေးမှီခဲ့တဲ့အနုပညာတစ်မားကြီး တစ်ယောက်အကြောင်းကို သိချင်စိတ်နဲ့အမြဲစောင့်ဖတ် ဖြစ်ပါတယ် ။
ဆရာ အောင်ချိမ့်ရဲ့ ဘော်ဒါဆန်ဆန်ရေးသားတဲ့ ပွင့်လင်းတဲ့ ရေးသားဟန်ကို သဘောကျတာလဲ တစ်ပိုင်းပါတယ်ပြောရမှာပေါ့ဗျာ ။

 ဒီအပတ် ခင်ဝမ်း အကြောင်း တွေထဲမှာတော့ Spray Art ( ၀ါ ) Graffiti Art နဲ့ ပတ်သတ်တဲ့ ခင်ဝမ်း ရဲ့အမြင် ၊
ခံယူချက်တစ်ပိုင်းတစ်စ ကို စာရေးသူ က ပါးပါးလေးစုတ်ချက်ရေးတို့ထား တာတွေ့ရပါတယ် ။
ဘာရယ်မဟုတ်ပေမယ့် ခင်ဝမ်းလို အစဉ်အလာတွေကို ရိုက်ချိုး ပြီး အနုပညာကို အသစ်ဖြစ်အောင်ကျိုးပမ်းခဲ့သူ မြန်မာကျော်
တစ်ယောက်ရဲ့ အမြင်ဆိုတော့ ကျွန်တော့်လို လမ်းဘေး အနုပညာသမားတစ်ယောက်အတွက်တော့ ဗီတာမင်ဆေးလုံးပါပဲ ။
ကျွန်တော်နဲ့ ရင်ဘက်ချင်းတူမယ့် လူတွေအတွက် ဒီစာစုလေးကို ပြန်လည်မျှဝေလိုက်ပါတယ် ။
စာလုံးပေါင်း သတ်ပုံ ၀ါကျ နဲ့ စာခွဲပုံ ကို မူရင်းအတိုင်းဖြစ်အောင် မပြင်ဆင်ပဲပြန်လည်ဖော်ပြလိုက်ပါတယ် ။

အောင်ချိမ့် – ကတ်သလောက် ( ခင်ဝမ်း ၊ ပြည်မှာဆောင်း )
Mandalay ICON Magazine ၊ April  ၊ 2012

၂၀ ။

အဲဒီနှစ်တွေဟာ ပန်းချီဆရာတွေ ၊ ပန်းချီပြပွဲတွေ နဲ့ ပန်းချီပြခန်းတွေ စိုပြေနေတဲ့ နှစ်တွေပါပဲ ။
၁၉၉၀ ၀န်းကျင်ပေါ့ ။ခင်ဝမ်းပွဲ IVY မှာရှိတယ်ဆိုလို့ စိတ်မပါလပ်မပါ ရောက်သွားပါတယ် ။
ရောင်းရတော့ ပန်းချီဆရာတွေဟာ ရောင်းရရေးပဲ မျှော်မှန်းပြီး ဒါပဲ ဒါပဲ ရေးနေကြတဲ့ ပွဲတွေအများကြီးကိုး ။
အမည်ရတဲ့ ပန်းချီဆရာတွေတောင် အဲသလို ရောင်းရရေးပဲ လုပ်နေကြလို့ပေါ့ ။
ဒီမှာ ( Metallurgy ) ” သံရေကျိုအတတ်ပညာ ” ကိုတွေ့လိုက်ရတော့တာပါပဲ ။ တကယ့် အနုပညာပါ ။
တကယ့် ပန်းချီပါ ။ အလွယ်လမ်းကို မလိုက်တဲ့ အနုပညာပါ ။ ကျွန်တော် စဉ်ပြီး စဉ်းစားလိုက်တဲ့အခါ ခင်ဝမ်းရဲ့
ပြပွဲတွေဟာ တစ်ပွဲထက် တစ်ပွဲ ဇယားထိပ်ကို တက်တက်လာတဲ့သဘောတရားကို ကျွန်တော်တွေ့ခဲ့ရတယ် ။
အခု ” သံရည်ကျိုအတတ်ပညာ ” ဟာ စပရေး မှုတ်ပြီး တစ်ချက်စ နှစ်ချက်စနဲ့ ဖမ်းထားတာပါ ။
ခင်ဝမ်းပွဲများရဲ့ မျက်နှာစိမ်းမှ သံရည်ကျိုအတတ်ပညာသို့ အထွိတ်အထိပ် ရောက်မှုပေါ့ ။ အဲဒီတုန်းကလေးမှာ
” မိုက်ကယ်ဖေး ” ဆိုတဲ့ အမေရိကန်လူငယ်တစ်ယောက် မော်တော်ကားတွေကိ စပရေးနဲ့ လိုက်ပက်လို့ ကြိမ်ဒဏ်
အပြစ်ပေးခံရတာကို သမ္မတ ကလင်တန်က မေတ္တာရပ်ခံလို့ စင်ကာပူ သမ္မတ က လျှော့ပေါ့ပေးလို့ ကြိမ်ဒဏ်
(၄)ချက်အချခံရတဲ့သတင်း သတင်းစာတွေမှာ ကျွန်တော်တို့ ဖတ်ကြရတယ် ။ ကျွန်တော်က အဲဒီအကြောင်းပြောတော့
 ” ဟုတ်တယ်.. ကိုယ့်လိုပဲ လုပ်ဖော်ကိုင်ဖက်တွေပေါ့ . . Painting ပေါ့ “ လို့ ခပ်အေးအေး ပြောပါတယ် ။
ကျွန်တော့်မှာလည်း ဗလာစာအုပ် တစ်အုပ်ဆောင်၊ ” တောလား ” ရေးနေတဲ့အချိန်ပါပဲ ။ ” သူ့ သံရည်ကျိုပွဲ ” ကို
ကြည့်ရလို့ ကျွန်တော့် ” တောလား ” အတွက် အားရှိလာတဲ့စိတ်ကို မမေ့မလျှော့ ပြောပြလိုပါတယ် ။ ဒါပေမယ့်
ဒီပွဲဟာ ခင်ဝမ်းရဲ့ နောက်ဆုံးနေ့များကို ပြနေသလို အခုမြင်ရပါတယ် ။ မှတ်မိနေတဲ့ကားကတော့ ( Dinosaur ) ပါပဲ ။
ဘာလို့လဲဆိုတော့ ” ကိုတိုး ” ( ဆာမောင်တိုး ) ( ဗီတာမင်၁၃ ၀တ္ထုတို စာအုပ်ထုတ်ဝေသူ ) ကျွန်တော်တို့နဲ့
ခပ် စောစောပိုင်းထဲက တွဲခဲ့သူ ” စိတ္တဇပန်းချီ ” ပြန်ထုတ်ချင်လို့ လိုက်ပို့ပေးပါဆိုလို့ လိုက်ပို့တော့ သမီးတွေနဲ့ အိပ်ရာတန်းစီလှဲနေရာက
စောင်ခြုံထားလို့ ” ဟ ၊ ဒီလောက်ပူနေတဲ့အချိန်ကြီး စောင်နဲ့ ၊ နေမကောင်းလို့လား ” ဆိုတော့ ၊ ” မဟုတ်ဘူးကွ နေမကောင်းမဖြစ်၊
အောင် ကြိုလုပ်ထားတာ ” တဲ့ ။ မီးခလုတ်ခုံမှာ အဲဒီ ( Dinosaur ) ပန်းချီကားကို ချိတ် ထားတာ ကျွန်တော် သတိပြုမိမှန်းသိတော့
” ဟဲ ဟဲ ၊ အဲဒါ ကိုယ့်အသည်းနုလုံးလေ ၊ ဟဲဟဲ ကိုယ်က ဒီလိုပဲ ပြောရမှာပေါ့ မဟုတ်ဘူးလား ” ဟာသတစ်ဝက်နှောပါတယ် ။
နောက်တစ်ပတ်လောက်မှာ ကိုတိုးနဲ့တွေ့တော့ ” ခင်ဗျားလူက ကျွန်တော့ကို ဆရာလို့ခေါ်တယ် ။ ပြီးတော့ စာမူခ (၃)သိန်းသတ်မှတ်
ပါမယ် ။ သဘောတူရင် ဆရာ အခု စာချုပ်လေး ချုပ်ပြီး စရံ (၃) သောင်းပေးခဲ့ပါ ” တဲ့ ။ အဆင်မပြေခဲ့ဘူးပေါ့လေ ။

၂၁ ။
သံရည်ကျိုအတတ်ပညာကြောင့်ပဲ FMI နဲ့ အလုပ်ချိတ်မိပါတယ် ။

Download Here : စိတ္တဇပန်းချီ by ခင်ဝမ်း