Archive for December, 2011

မြန်မာပြည်၏ အနုပညာရှင်အားလုံးနီးပါး ပူးပေါင်းပါဝင်ကူညီမည့် အကြီးကျယ်ဆုံး ရန်ပုံငွေ ပွဲတော်ကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ပညာရေးကွန်ယက်မှ ဦးဆောင်၍ ပြည်ထောင်စုတိုင်းရင်းသားများ ပညာရေး ရန်ပုံငွေ ဂီတဖျော်ဖြေပွဲ နှင့် ဈေးရောင်းပွဲတော်ကို ရန်ကုန်မြို့ မင်းဓမ္မလမ်း MCC ခန်းမ ၌(၃၀.၁၂.၂၀၁၁)နှစ်သစ် ကူးအကြို ညချမ်း တွင် ခန်းနားကြီးကျယ်စွာကျင်းပပြုလုပ်ပါမည်။မြန်မာနိုင်ငံတွင် တစ်ကြိမ်တစ်ခါမျှ မပေါ်ပေါက်ဘူးသေးသော နိုင်ငံကျော် အနုပညာရှင်အားလုံးနီးပါး ပူပေါင်းပါဝင်ကူညီ သီဆိုဖျော်ဖြေ လှူဒါန်းကြမည့် ပညာရေး ရန်ပုံငွေပွဲတော်ကြီးဖြစ်ပါသည်။

( ၃၀.၁၂.၂၀၁၁ ) နေ့ မနက်( ၉း၀၀) နာရီမှစတင်၍ MCC ၀င်း အတွင်း ပညာရေးကွန်ယက်နှင့်ဆက်သွယ် ဆောင်ရွက် နေကြသော ပညာဒါနကျောင်းများ၊ လူမူရေးအသင်း အဖွဲ့ များ၊ ကျန်းမာရေးကူညီပေးနေသည့် အဖွဲ့  အစည်းများမှ ဆိုင်ခန်းပေါင်း ( ၆၀ ) ကျော်ဖွင့်လှစ်၍ လူသုံးကုန် ပစ္စည်း များ၊ အမှတ်တရပစ္စည်းများ၊ အစား အသောက်များကို မည်သူမဆိုလွတ်လပ်စွာဝယ်ယူနိုင်မှာဖြစ်ပြီး ရရှိလာမည့် အမြတ်ငွေအား လုံးကိုပည်ထောင်စု တိုင်းရင်းသားဒေသများတွင် ပညာရေးမြှင့်တင်ဆောင်ရွက် ပေးရန်အတွက် လှူဒါန်းကြမှာ ဖြစ်ပါတယ်။ ဂီတဖျော်ဖြေပွဲ လက်မှတ်များကိုလည်း အောက်ပါနေရာများတွင်စတင်ရောင်းချပေးနေပါပြီး။

( ၁ ) အမေ့သားဆန်ဆိုင်(၂၄၇)ဗိုလ်ချုပ်လမ်း၊လမ်း(၄၀) နှင့် ဗိုလ်အောင်ကျော်လမ်းကြား။

( ၂ ) အမိုင်တူရိယာပစ္စည်းအရောင်းဆိုင်၊(၁၃၈)လသာလမ်း၊အထက်ဘလောက်။

( ၃ ) NLD ရုံချုပ်၊ ရွှေဂုံတိုင်၊

( ၄ ) Morning Star လ္ဘက်ရည်ဆိုင်( တိရိစ္ဆာန်ရုံ )

( ၅ ) Morning Star လ္ဘက်ရည်ဆိုင်( ဦးချစ်မောင်လမ်း)

( ၆ ) Morning Star လ္ဘက်ရည်ဆိုင်( တော်ဝင်စင်တာ )

လက်မှတ်တန်ဘိုးများမှာ၊ ၃၀၀၀၀၊ ၂၀၀၀၀၊ ၁၀၀၀၀၊ ၅၀၀၀ကျပ်သတ်မှတ်ထားပါတယ်။ လက်မှတ်ရောင်းရငွေအားလုံးကိုလည်း ပြည်ထောင်စုတိုင်းရင်းသားများပညာရေးအတွက် အနုပညာရှင်များမှ ၀မ်းမြောက်စွာလှူဒါန်းကြမှာဖြစ်ပါတယ်။

( ၃၀.၁၂.၂၀၁၁ ) ညနေ ( ၃း၃၀ ) နာရီအချိန်တွင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်တက်ရောက်ပြီး ဂီတဖျော်ဖြေပွဲ ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးမှာဖြစ်ပြီး ပညာရေးရန်ပုံငွေပွဲ အဖွင့် မိန့် ခွန်းပြောကြမှ ဖြစ်ပါတယ်။ မိဘပြည်သူအပေါင်းမှလည်း ရန်ပုံငွေပွဲတော်သို့ ကြွရောက်၍ အားပေးကြပါရန်ဖိတ်ကြားအပ်ပါသည်။

ပြည်ထောင်စုတိုင်းရင်းသားများ ပညာရေးရန်ပုံငွေ ပွဲတော် ကျင်းပရေးကော်မတီ

ယခုတစ်ပတ်တွင်တော့ ရွှေလုံးပရိသတ်ကြီးအတွက် ယနေ့ မြန်မာ့ဂီတလောကတွင် အောင်မြင်နေသည့် တေးသီချင်းများအား ဖန် တီးပေးခဲ့သူ၊ မာနမကြီးဘဲ အေးအေးဆေးဆေး နေတတ်သည့် လူငယ်တေးရေးဆရာ တစ်ဦးဖြစ်သည့် ကိုကမ္ဘာအား သွား​ရောက် မးမြန်းခဲ့ပါသည်။ ကိုကမ္ဘာသည် တေးဆို G-လတ်၏ အောင်မြင်နေသည့် တေးသီချင်းများကို ရေးပေးနေသူဖြစ်သလို၊ G-လတ်၏ ညီ အရင်းတစ်ယောက်လည်းဖြစ်ပြီး NC-13 တီးဝိုင်း၏ လိဒ်ဂစ်တာသမားလည်းဖြစ်ပါသည်။ ကိုကမ္ဘာ၏ ရင်တွင်းစကားများကို မျှဝေ တင်ဆက် လိုက်ရပါသည်။

(more…)

ဒေါ်အောင်ဆန်းစုကြည်လမ်းညွှန်ချက်ဖြင့် ကျင်းပပြုလုပ်သော ပြည်ထောင်စုတိုင်းရင်းသားများ ပညာရေး ရံပုံငွေပွဲနှင့် ဂီတဖျော်ဖြေရေးပွဲကို ၂၀၁၁ခုနှစ် ဒီဇင်ဘာလ ၃၀ရက်နေ့ မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ MCC (Myanmar Convention Center) ၌ ညနေ၃နာရီမှ ၁၁နာရီ ၀န်းကျင်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ပထမအကြိမ် သတင်းစာရှင်းလင်းပွဲတွင် ကြေညာခဲ့သော နေ့ရက်တွင် ပွဲမကျင်းပခဲ့ရခြင်းမှာ ပွဲခွင့်ပြုချက် မရရှိခဲ့ခြင်းကြောင့် ဖြစ်ပြီး ယခုအခါတွင် ပွဲကျင်းပမည့်နေရာခွင့်ပြုချက်အပြင် ၀န်ကြီးမှ ပွဲပြုလုပ်ခွင့်ပြုသော ကြောင့် ဒီဇင်ဘာလ (၃၀)ရက်နေ့တွင် ဧကန်ကျင်းပမည်ဖြစ်ကြောင်း ၂၃-၁၂-၁၁ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပွဲတာဝန်ခံ ဥက္ကဌ ဦးဝင်းတင်မှ ပြောကြားခဲ့သည်။

“အမှန်တော့ သတင်းစာရှင်းလင်းပွဲက တစ်ကြိမ်ပ၊ဲလုပ်ရတာ အခုနှစ်ကြိမ်တဲ့ သုံးကြိမ်ဖြစ်ဖို့တော့ မမျှော် လင့်ပါဘူး ဒါဟာ တကယ်သေချာပါပြီ ဘာလို့လဲဆိုတော့ ပွဲခွင့်ပြုချက်လဲရပြီ နေရာအတွက်လည်း ခွင့်ပြုချက် ရပြီဆိုတော့ ပွဲမဖြစ်စရာ မရှိတော့ပါဘူး”ဟု အန်အယ်လ်ဒီ ဥက္ကဌ ဦးဝင်းတင်က ပြောသည်။

ပြည်ထောင်စုတိုင်းရင်းသားများ ပညာရေးရံပုံငွေ ဂီတဖျော်ဖြေပွဲနှင့် ဈေးရောင်းပွဲတော်အခမ်းအနားကျင်းပရာ MCC ၀င်းအတွင်းတွင် ဒေါ်အောင်ဆန်းစုကြည်မှ ပြည်သူများနှင့် တွေ့ဆုံကာ မိန့်ခွန်းအနည်းငယ် ပြောကြား မည်ဖြစ်ပြီး ဖျော်ဖြေရေးတင်ဆက်မှုများဖြင့် စီစဉ်ဆောင်ရွက်ထားကြောင်း သိရှိရသည်။

တိုင်းရင်းသားများ ပညာရေးရံပုံငွေပွဲ ကျင်းပရာတွင် ယခင်စီမံထားသော အနုပညာရှင်များမှာ ခရစ်စမတ်နေ့ နှင့် happy new year ပွဲများနှင့် တိုက်နေသောကြောင့် အချို့သော အနုပညာရှင်များမှာ ပါဝင်ချင်သော်လည်း လာရောက် သီဆိုနိုင်ခြင်း မရှိကြောင်းကိုလည်း  သိရှိရသည်။

“အနုပညာရှင်တွေက လာပြီးတော့ သီဆိုချင်တယ် ဒါပေမဲ့ အဲ့လိုပေါ့ ၂၅ ရက်နေ့ဆိုရင် ခရစ်စမတ်လိုနေ့မျိုး ရှိနေတာတို့ နောက် Happy New Year လိုနေ့မျိုးရှိနေတဲ့ အဲ့လိုပွဲအတွက်သူတို့ နယ်မှာ ရှိုးပွဲတွေရှိတယ် တခြား ဘာအကြောင်းကြောင့်မှ မဟုတ်ပါဘူး အဲ့အထဲမှာလည်း ညီမငယ် ဖြူဖြူကျော်သိန်းလဲ ပါတာပေါ့နော် သူအရမ်း အန်တီပွဲအတွက် ပါဝင်ကူညီသီဆိုပေးချင်တယ် ဒါပေမဲ့ ခုဏကလို အခက်အခဲလေးတွေ ရှိတာ ကြောင့် သူမပါဖြစ်တော့တာပါ” ဟု တေးရေး ၊တေးဆို ကိုဆောင်းဦးလှိုင်က ပြောသည်။

လာမည့် ၃၀ ရက်နေ့တွင် ကျင်းပမည့် တိုင်းရင်းသား ပညာရေးရံပုံငွေပွဲတွင် Lazy Club နှင့် Iron Cross အဖွဲ့သားများ မပါဝင်နိုင်တော့ကြောင်းကိုလည်း သိရှိရသည်။

ဒီဇင်ဘာ ၁၅ရက်နေ့တွင် တိုင်းရင်းသား ရံပုံငွေကျင်းပမည်ဟု ပြောဆိုထားခြင်းကြောင့် လက်မှတ်များလည်း ကြိုတင်ရောင်းချထားခြင်းအတွက် လက်မှတ်နှုန်းထားနှင့်အညီ ဖျော်ဖြေရေးအစီအစဉ်ကို ၀င်ရောက်ကြည့်ရှု့နိုင် ကြောင်း သိရသည်။

“လက်မှတ် ကြိုရောင်းထားတဲ့ကိစ္စကလည်း ပြသာနာမရှိဘူး ဘာလို့လဲဆိုတော့ သူတို့ကလည်း လူထု ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပညာရေးရံပုံငွေရှာတဲ့ပွဲကို အားပေးချင်တော့ ဘယ်လိုဘဲဖြစ်ဖြစ် လာကြည့်ကြမယ်ဆိုတဲ့ လူတွေချည်းဘဲ အဲ့ဒါကြောင့် ဘယ်လိုဘဲ ရက်ရွှေ့ရွှေ့သူတို့ကတော့ ကိစ္စမရှိဘူး အားပေးမယ်လို့ ပြောကြတယ် သူတို့ဝယ်ထားတဲ့လက်မှတ်နဲ့ညီတဲ့ ခုံတန်းကိုဘဲ ကျွန်တော်တို့က စီစဉ် ပေးမှာပါ” ဟု တိုင်းရင်းသားများ ပညာရေးရံပုံငွေ ဖြစ်မြောက်ရေး တာဝန်ခံ ကိုဖြိုးမင်းသိန်းက ပြောသည်။

တိုင်းရင်းသားများ ပညာရေးရံပုံငွေ ဖျော်ဖြေပွဲ ဖြစ်ခြင်းကြောင့် ရရှိလာသော အကျိုးအမြတ်များကို အဖွဲ့ချုပ်မှ ပညာရေးကွန်ယက်များမှ လက်တွေ့တွင် နေထိုင်မှု အခက်အခဲဖြစ်နေသူများ ပညာရေး ချို့တဲ့သူများကို ကိုယ်တိုင် သွားရောက်လေ့လာပြီး လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပညာရေးရံပုံငွေပွဲတွင် ဈေးရောင်းပွဲပါ ကျင်းပမည်ဖြစ်သောကြောင့် ဈေးရောင်းပွဲတွင်  လွတ်လပ်စွာ ၀ယ်ယူနိုင်ပြီး အနုပညာရှင်များ၏ ဂီတဖျော်ဖြေပွဲသို့ ၀င်ရောက်ကြည့်လိုပါက လက်မှတ်ဝယ်ယူရမည်ဖြစ် ကြောင်း သိရှိရသည်။

လက်မှတ်များကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး ၊ Moon Star လ္ဘက်ရည်ဆိုင် နှင့် ဗိုလ်ချုပ်လမ်းမှ အမေ့အိမ် ကျောင်းတွင် ၀ယ်ယူနိုင်ပြီး လက်မှတ်တစ်စောင်လျှင် ၃၀၀၀၀(သုံးသောင်း)ကျပ်၊ ၂၀၀၀၀(နှစ်သောင်း)ကျပ်၊ ၁၀၀၀၀ (တစ်သောင်း)ကျပ်နှင့် ၅၀၀၀(ငါးထောင်)ကျပ်တို့ဖြစ်ကြောင်းသိရှိရသည်။

VIA:Mizzima News

နှစ်တစ်နှစ်၏ ကုန်ဆုံးသည့် အချိန်ကာလဖြစ်သည့် ခရစ်စမတ်နှင့် နယူးရီးယား အချိန်အခါများတွင် ပျော်ရွှင်ဖွယ်ရာ ပျော်ပွဲရွှင်ပွဲအဖုံဖုံဖြင့် ဖြတ်သန်း ကြမြဲဖြစ်သည်။ ယခုနှစ်  ခရစ်စမတ်နှင့် နယူးရီးယား အချိန်ကာလတွင်လည်း ရန်ကုန်၊ မန္တလေးမြို့ကြီးများတွင် ဖျော်ဖြေပွဲများ၊ ပျော်ပွဲရွှင်ပွဲများပြုလုပ်ရန် စီစဉ်ထားကြသည်။ ခရစ်စမတ်နှင့် နယူးရီးယားဖျော်ဖြေရေး အစီအစဉ်အချို့မှာ . . .

 

(more…)